Latest News

Tuesday, January 30, 2018

ပုဂ္ဂိုလ်ရေးဆန်သည့်ဝေဖန်မှုတွေပါဟု ပြောကြားလိုက်သည့်ဖြူဖြူကျော်သိန်း

ပုဂ္ဂိုလ်ရေးဆန်သည့်ဝေဖန်မှုတွေပါဟု ပြောကြားလိုက်သည့်ဖြူဖြူကျော်သိန်း

အဆိုတော်ကြီး ခင်မောင်တိုး သီဆိုခဲ့တဲ့ ''ဆည်းလည်းရှိုက်သံ''  တေးသီချင်းကို ပြန်လည်သီဆိုခဲ့သူ အဆိုတော် ဖြူဖြူကျော်သိန်းတစ်ယောက် ပရိသတ်အချို့နဲ့ မီဒီယာလောကသားအချို့၏  ဝေဖန်မှု တွေကို ခံနေရသည်။

လှိုင်တေးသံသွင်း၏  ၁၆ နှစ်ပြည့် အမှတ်တရအဖြစ် အဆိုတော်ကြီး ခင်မောင်တိုး၏  တေး သီချင်းများကို ပြန်လည်သီဆိုထားသော တေးစီးရီးခွေ ထုတ်လုပ်ခဲ့ပြီး ယင်းအခွေထဲတွင် သီဆိုသူ များစွာ ပါဝင်သော်လည်း ဖြူဖြူကျော်သိန်း တစ်ဦးတည်းကိုသာ ဝေဖန်မှုတွေ မြင့်တက်နေတာ ဟုသိရသည် ။

''ဖြူဖြူ အမြင်ကတော့  အဆိုတော်တစ်ယောက်ကို  ဝေဖန်တယ်ဆိုရင်  ပြန်ဆိုတေးပဲဖြစ်ဖြစ်၊ တခြားသံစဉ်ပဲဖြစ်ဖြစ် အဲ့အဆိုတော် သီဆိုတဲ့ ပုံစံသီချင်းစာသားမှန်မမှန်၊ဆိုနည်း၊ဆိုဟန် မှန်လား မမှန်လား၊ နောက်တစ်ခုက တီးခတ်တဲ့ပိုင်းကိုကြည့်ရမယ်၊ တီးခတ်မှုပိုင်း မှန်လား၊ မမှန်လား ဆိုတဲ့    အချက်အလက်ပေါ်   မူတည်ပြီးတော့    ဝေဖန်တယ်ပေါ့၊   အခုဖြူဖြူ  ဆိုထားတဲ့ သီချင်း တစ်ပုဒ်ထဲမှ မဟုတ်ပါဘူး၊ အခွေထဲမှာ ပါဝင်တဲ့ သီချင်းအားလုံးကို ပြန်လည်ဖန်တီးတဲ့အခါမှာ အားလုံးကို ခြုံကြည့်ရင်  အဆိုပညာပိုင်းရော၊ အတီးပိုင်းမှာဆိုလည်း အားလုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဖန်တီးထားကြတာပါ၊ အဲ့ဒီတော့ နည်းစနစ်ပိုင်း ဝေဖန်တာမျိုးလားဆိုတော့လည်း မဟုတ်ဘူး၊ နောက် တစ်ခုက သီဆိုကြတဲ့ အဆိုတော်ပိုင်းတွေကိုကြည့်မယ်ဆိုလည်း ဗားရှင်း ပြောင်းလဲပြီး ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံနဲ့  ပြန်ဆိုကြတယ်အခါမှာ  သူ့ပုံစံနဲ့သူ  တစ်မျိုးစီထွက် လာကြတာပဲလေ၊ အဆိုတော်တွေဆိုတာလည်း လူသားတွေပါပဲ၊ ဘဝဖြတ်သန်းပုံတွေ မတူကြဘူး၊ ခံစားချက်တွေလည်း  မတူကြဘူး၊ သီချင်းတစ်ပုဒ်ကိုလည်း ခံစားမှုပိုင်းက မတူကြတော့ဘူး၊ အဲ့တော့ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာပဲ ပြောလို့ရတယ်၊  ကိုယ်က ဒီသီချင်းကို ကြိုက်ပေမယ့်၊ နောက်တစ်ယောက်က ကိုယ်ကြိုက်တဲ့သီချင်းကိုကြိုက်ချင်မှကြိုက်မှာလေ၊ ကိုယ်မကြိုက်တဲ့ဟာ လည်း သူကကြိုက်ချင် ကြိုက်မှာလေ၊ အဲ့ဒီတော့ အားလုံးနားလည်မှုလေးနဲ့  အပြန်အလှန်ပြောကြ ထောက်ရှုလာရင်တော့ က္ဘာကြီးက ငြိမ်းချမ်းမှာပါ''ဟု ပြောသည်။
ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment