ကမ္ဘာ့နိုင်ငံတကာ ရုပ်ရှင်များနှင့် ပြည်တွင်း ရုပ်ရှင်ဇာတ်ကားများကို အင်တာ နက်ကနေတစ်ဆင့် ကြည့်ရှုခံစားနိုင်ရန် ifIix မိတ်ဆက်ပွဲသို့ အကယ်ဒမီ ဖွေးဖွေးကို ဖိတ်ကြားပြီး အနုပညာနှင့်ပတ်သက်မှုများကို အကြံပေးနိုင်ရန် အတွက် အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းကို ယခုလ ၂၈ ရက် ညနေ ၃ နာရီ က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိJunction City တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
''ဖွေးဖွေးကို အနုပညာအကြံပေးအဖြစ် ဖိတ်ခေါ်ရတာကတော့ သူက ၂ဝ၁၂ ခုနှစ်တုန်းက ''လက်ပံ'' ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး ထူးချွန်ဆုကိုရရှိခဲ့တယ်၊ နောက်သုံးနှစ်လောက်ကြာတဲ့အခါ ''ကျွန်မက နှင်းဆီပါမောင်'' ဇာတ်ကားနဲ့လည်း ဆုရခဲ့တယ်၊ ပရိသတ်ကြည့်ရှုသူအများ အပြား ရှိခဲ့တဲ့ စံချိန်တင် ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်၊ နောက် တီဗွီကြော်ငြာ တွေ၊ သီချင်းတွေ၊ ဗီဒီယိုကားတွေလည်း အများကြီးရိုက်ထားသူဖြစ်တာမို့ အနုပညာနဲ့ပတ်သက်ပြီး အကောင်းဆုံးတွေ အကြံပေးနိုင်မယ်လို့ ယူဆပြီး ကျွန်တော်တို့အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခဲ့တာပါ၊ ကျွန်တော်တို့ ifIix အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း ချိတ်ဆက်ပြီး ဖျော်ဖြေရေး ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ဆောင်ခဲ့ပါတယ်၊ မြန်မာပြည်မှာတော့ ပြည်ပ နိုင်ငံကဇာတ်ကားတွေပဲ ပြသခဲ့တာပါ အခုဆို ပြည်တွင်း ရုပ်ရှင်ဇာတ်ကား တွေကို ကြည့်ရှုနိုင်ရန် ပထမဆုံးလက်တွဲလုပ်ဆောင်တာပါ''ဟု ifIix မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ifIix သည် အင်ဒိုချိုင်းနားဒေသဆိုင်ရာ အကြီးအကဲ Adeana Greenlee မှ ဖွေးဖွေးအား မိမိတို့၏ မိသားစုဝင်အဖြစ် ကြိုဆိုကမ်းလှမ်း ခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ဖွေးဖွေး၏ ရုပ်ရှင်ဇာတ်ကားများကို နိုင်ငံပေါင်း ၂၅ နိုင်ငံရှိ လူပေါင်း တစ်ဘီလီယံကျော် ကြည့်ရှုနိုင်ရန် ဆောင်ရွက်မည်ဟု သိရသည်။ ကိုလင်း(မြန်မာ့အလင်း)
No comments:
Post a Comment