Latest News

Friday, January 5, 2018

စောင့်ကြည့်ရဦးမယ့်လီဗာပူးရဲ့ကွက်လပ်နဲ့ဗန်ဒစ်ရဲ့အားဖြည့်မှု

စောင့်ကြည့်ရဦးမယ့်လီဗာပူးရဲ့ကွက်လပ်နဲ့ဗန်ဒစ်ရဲ့အားဖြည့်မှု

ဆောင်းရာသီဈေးကွက် မစတင်ခင်ကတည်းက ပရီမီယာလိဂ်ကို လှုပ်ခတ်သွားတာက ဆောက်သမ်တန် ခံစစ်မှူး ဗန်ဒစ်ရဲ့ လီဗာပူးအသင်းကို ပေါင်  ၇၅ သန်းနဲ့ပြောင်းရွှေ့မှုဖြစ်ပါတယ်။  ဒီပြောင်းရွှေ့မှုဟာ နောက်တန်းကစားသမားတွေထဲမှာတော့ က္ဘာ့စံချိန်တင် ပြောင်းရွှေ့မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့  နွေရာသီဈေးကွက်က ဗန်ဒစ်ကို ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့ပေမယ့် အခုတော့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းကိုတော့ တွန်းလှန်နိုင်ခြင်းမရှိတော့ ဘူးလို့ပြောရမှာပါ။ ဒါကြောင့်လည်း အခုတော့ ဗန်ဒစ်ဟာ အန်းဖီးလ်ကွင်းကို ရောက်နေခဲ့ပြီလည်း ဖြစ်ပါတယ်။
လီဗာပူးရဲ့ ခံစစ်အခြေအနေ
ပြီးခဲ့တဲ့  ရှစ်နှစ်အတွင်း  လီဗာပူးအသင်းဟာ  ပရီမီယာလိဂ်မှာ ထိပ်တန်းအဆင့်မှာ  ရပ်တည်နိုင်ဖို့အတွက် ကြိုးစား ရုန်းကန်နေခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။ အဲဒီရှစ်နှစ်ကာလအတွင်းမှာ လီဗာပူးအသင်းဟာ  ထိပ်ဆုံးလေးသင်း ဝင်ရောက် နိုင်ခဲ့တာဟာ နှစ်ကြိမ်ပဲရှိပါတယ်။ အဲဒီနှစ်ကြိမ်လုံးမှာ လီဗာပူးအသင်းဟာ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းကလည်း ညံ့တဲ့အသင်းအဖြစ် ရှိနေခဲ့ပါတယ်။ ၂ဝ၁၃-၁၄ ရာသီက ဆိုရင်လည်း လီဗာပူးအသင်းဟာ ဆုဖလားရရှိဖို့အထိ နီးစပ်မှုရှိခဲ့ပါတယ်။ အဲဒီရာသီမှာ လီဗာပူးအသင်းဟာ ရဂိုး အနေနဲ့ ၁ဝ၁ ဂိုးအထိရှိနေခဲ့ပေမယ့် ပေးဂိုးက ၅ဝ အထိရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကဆိုရင်လည်း လီဗာပူးအသင်းဟာ ၇၈ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပေးဂိုး ၄၂ ဂိုးရှိခဲ့ပါတယ်။ ဒီနှစ်ရာသီမှာ ဆိုရင်လည်း ထိပ်ဆုံးခြောက်သင်းထဲမှာဆို သူ့ထက်ပိုပြီး ဂိုးပေးရတဲ့ အသင်းက အာဆင် နယ်တစ်သင်းတည်းသာရှိပါတယ်။ ဒါကြောင့် ဒီနှစ်ရာသီတွေအတွင်း လီဗာပူးအသင်းရဲ့ အဓိကအားနည်းချက်က ခံစစ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ   လက်ရှိပရီမီယာလိဂ်ထိပ်တန်းအသင်းကြီးတွေထဲမှာ ခံစစ်အညံ့ဆုံးအသင်း လို့ပြောရလောက်အောင်ကို ပေးဂိုးတွေက များလွန်းတယ်။ ဒါကြောင့်  မန်နေဂျာ ဂျာဂျင်ကလော့ရဲ့    ဦးဆောင်မှုနဲ့အတူ   ဂိုးသမား မစ်နိုလက်၊  လိုဗရန်၊  မိုရီနိုတို့ဟာ  ဝေဖန်မှုတွေကို  အပြင်းအထန်ခံ နေခဲ့ရတာလည်း ဖြစ်ပါတယ်။  ဒါကြောင့် အခုလို အခြေအနေတွေ ကို   ဗန်ဒစ်အနေနဲ့   အကောင်းဆုံးဖြတ်ကျော်ပေးနိုင်မလား ဆိုတာကလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေ မယ့်ပြီးခဲ့တဲ့ ရာသီတွေအတွင်းက ဗန်ဒစ်ရဲ့စွမ်းဆောင် မှုတွေနဲ့ရလဒ်တွေက  လီဗာပူးအသင်းအတွက် အပေါင်း လက္ခဏာဆန်တဲ့ ရလဒ်မျိုးတွေကို ရယူပေးနိုင်မယ်လို့  ပြောရမှာ  ဖြစ်ပါ တယ်။
ဆောက်သမ်တန်ရဲ့ကယ်တင်ရှင်
ဆောက်သမ်တန်အသင်းမှာ ဗန် ဒစ်ကစားခဲ့တဲ့ အခြေအနေ အချက် အလက်တွေအရပြောရမယ်ဆိုရင် ဗန်ဒစ် ဟာ လီဗာပူးအသင်းရဲ့ ခံစစ်ပိုင်းအတွက် သေချာ ပေါက်  တိုးတက်မှုတွေရရှိအောင်  လုပ်ဆောင်ပေး နိုင်မယ့်ကစားသမားတစ်ဦးလို့တော့  ကောက်ချက်ဆွဲ ရမှာဖြစ်ပါတယ်။ ဗန်ဒစ်ဟာ  ၂ဝ၁၅ ခု နှစ်က စကော့တလန် ကလပ်ဆဲလ်တစ်အသင်းကနေ  ဆောက်သမ်တန်အသင်းကို ပေါင် ၁၃ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီမီယာလိဂ်မှာ ပွဲထွက်ကစားခွင့် ၆၆ ပွဲ ရရှိထားခဲ့တဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူကစားခဲ့တဲ့အတောအတွင်း   ဆောက်သမ်တန်အသင်းကို   ၄ဝ  ရာခိုင်နှုန်း အောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း ဗန်ဒစ်ရဲ့  ဆောက်သမ်တန်အသင်းအပေါ်အကျိုးပြုနိုင်မှုဟာ  ကြီးမားလွန်းခဲ့ တယ်ဆိုတာကတော့  အမှန်လို့ဆိုရမှာပါ။   ဗန်ဒစ်အနေနဲ့ ပွဲထွက်ကစားခွင့် မရခဲ့တဲ့ ၂၆ ပွဲမှာတော့ အောင်မြင်မှုရာခိုင်နှုန်းဟာ   ဇောက်ထိုးကျဆင်းခဲ့ပြီး   ၂၆ ပွဲမှာ အောင်မြင်မှုရာခိုင်နှုန်းဟာ ၂၆ ဒသမ ၉ဝ သာရှိပါတယ်။ ဒါ့အပြင် ဂိုးပေးရမှုကိုကြည့်မယ်ဆိုရင်လည်း ဗန်ဒစ်မပါဝင်တဲ့ပွဲတွေမှာ ဂိုးပေးရမှုဟာ တစ်ပွဲမှာ ၁ ဒသမ ၄ ရာခိုင်နှုန်းကနေ ၁ ဒသမ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။  ဒါ့အပြင် တိုက်စစ်ပိုင်း ကိုကြည့်မယ်ဆိုရင်လည်း  ဗန်ဒစ်ပါဝင်တဲ့  ပွဲတွေမှာဆိုရင် တစ်ပွဲမှာဂိုးရရှိမှုဟာ  ၁ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး  ဆောက် သမ်တန်အသင်းမှာ  သူ့ရဲ့စွမ်းဆောင်မှုတွေကို ယှဉ်ပြိုင်နိုင်မယ့် ကစားသမားမရှိဘူးလို့ ပြောရမယ်။
ကစားသမားတိုင်းနှင့် ယှဉ်နိုင်သူ
ဗန်ဒစ်အနေနဲ့ လီဗာပူးရှာဖွေနေတဲ့ ဆုဖလားတွေကို ရယူနိုင်ဖို့အတွက်  ကူညီပေးနိုင်မလားဆိုရင်တော့ သူ့ရဲ့   ယခင်ရာသီတွေက    စွမ်းဆောင်မှုတွေ ကိုကြည့်ပြီး ပြောရမယ်ဆိုရင်တော့ လီဗာ ပူးအသင်းအတွက် တိုးတက်မှုတွေရယူ ပေးနိုင်မယ့် ကစားသမားတစ်ဦးအဖြစ် တွေ့ရမှာကတော့   အမှန်လို့  ပြော ရမှာပါ။ ဗန်ဒစ်ဟာ ပရီမီယာလိဂ်မှာ ၂ဝ၁၅ ခုနှစ်ကတည်းက စတင်ပွဲထွက် ကစားခဲ့တာဖြစ်ပါတယ်။  အဲဒီအချိန် ကတည်းက  ဗန်ဒစ်ဟာ  အမြင့်ဘော ယှဉ်    လုနိုင်မှု ဟာ  ၃၂၁  ကြိမ်ရှိခဲ့ပြီး  သူ့ကို ယှဉ်နိုင်တဲ့ အခြား   ပရီမီယာလိဂ် ကစားသမားမရှိသေးပါဘူး။  သူဟာ ပရီမီယာ လိဂ်မှာ ကစားနေခဲ့စဉ်အတွင်း ကြားဖြတ်လုယူနိုင်မှုပေါင်း ၁၇၉ ကြိမ်ရှိခဲ့ပြီး သူထက်ကြားဖြတ်လုယူနိုင်မှုပိုကောင်းတဲ့  ကစားသမားဟာ ပရီ မီယာလိဂ်မှာ  ခုနစ်ဦးသာရှိပေမယ့်  လီဗာပူးအသင်းကစားသမားတွေတော့  လုံးဝမပါဝင်ပါဘူး။  ဒါကြောင့်လည်း  ဗန်ဒစ်ဟာ  လီဗာပူးအသင်းရဲ့ အဓိကလစ်ဟာ နေတဲ့ခံစစ်ပိုင်းပြဿနာကိုတော့ အကောင်းဆုံးဖြည့်တင်းပေးနိုင်မယ့် ကစားသမားတစ်ဦးအဖြစ်ရှိလာနိုင်တယ်လိုသာ မျှော်လင့်မိပါတော့တယ်။    အောင်က(မြန်​မာ့အလင်း)

No comments:

Post a Comment