Latest News

Thursday, January 18, 2018

"ရခို်​​င်​သားတ​ယောက်​ရဲ့ ဗမာကျွန်​ဆိုတဲ့ အဓိပ္ပါယ်​ဖွင့်​ဆိုချက်​"


"ဗမာကျွန် ဆိုပဲ"

ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်မိတယ်
တကယ်ပဲကျွန်ရုပ်ပေါက်နေပြီလား။

ကျနော်ရခိုင်တစ်ဦးပါ
၁၁/ ကို ကိုင်ဆောင်ပြီးတစ်နိုင်ငံလုံးဘယ်နားနေနေဘယ်နေရာသွားသွား
အမှီအခိုကင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနေတဲ့
လွတ်လပ်အမှီအခိုကင်းIndependentဖြစ်နေတဲ့ရခိုင်တစ်ဦးပါ။

ကျနော် ဘယ်သူ့ကျွန်မှမဟုတ်ဘူး
မွေးကတည်းကလွတ်လပ်တဲ့လူသားတစ်ဦး
ကျနော့် မိဘတွေလည်းကျွန်တွေမဟုတ်ကြဘူး
ဒီတော့ကျနော်လည်းကျွန်မဟုတ်ဘူး
ကိုယ့်ကိုယ်ကိုယ်ကျွန်လို့ဘယ်တုန်းကမှမတွေးမိဘူး
သူတို့ပြောမှ ကျွန်လုံးလုံးဖြစ်ရတယ်
မျိုးချစ်အမည်ခံမျိုးနှစ်တွေကိုတောင်းပန်ပါတယ်
ကိုယ့်လူမျိုးကို ကျွန် ကျွန် ဆိုပြီး ဂုဏ်သိပ်မတင်ကြပါနဲ့တော့။

၂၁ရာစုမှာနေပြီး ၁၈ရာစုကို တမ်းတ
သက်ဦးဆံပိုင်ဘုရင်စနစ်ကိုလွမ်းပြနေတာကို နိုင်ငံရေးလုပ်တယ်လို့ထင်နေကြတဲ့သူတွေကြောင့်ခက်နေတာ
ဒီလိုလူတွေကြောင့်အမုန်းတရားကိုသာကြီးထွားလာစေတယ်
ကိုယ့်ဒေသတိုးတက်ရာတိုးတက်ကြောင်းကိုမပြောပဲ
အမုန်းတရားမှိုင်းတွေနဲ့၂၁ရာစုကိုဘယ်လိုရင်ဆိုင်မလဲ
ကျေးဇူးပြုပြီး
၂၁ရာစုလူငယ်တွေကို၂၁ရာစုအကြောင်းပဲပြောပေးကြပါ။

ပြောကြစတမ်းဆို
ကျွန်ပြုတဲ့ခေတ်က သခင်တွေကကျွန်မျိုးကို တန်းတူထားလို့လား
ရခိုင်ကသာဗမာကျွန်ဆိုရင်
အကယ်ဒမီနေတိုးဆိုတာ ဖြစ်လာပါ့မလား
အကယ်ဒမီခန့်စည်သူဖြစ်လာပါ့မလား
အဆိုတော်သားငယ်ဆိုတာကောဖြစ်လာမလား
မင်းသားနေထက်လင်းလည်းမရှိတော့ဘူး
ရတနာမိုင်လည်းမရှိတော့ဘူး
ဦးစံသာအောင်လည်း ပါမောက္ခမဖြစ်တော့ဘူး
ဒေါက်တာဖေမြင့်လည်းပြည်ထောင်စုဝန်ကြီးမဖြစ်တော့ဘူး
ဦးအောင်လှထွန်းလည်း ဒုဝန်ကြီးမဖြစ်တော့ဘူး
.....................။

ရခိုင်ညီအစ်ကိုအပေါင်းတို့
ကိုယ့်ကိုယ်ကိုယ်ကျွန်အဖြစ်ဇွတ်သတ်မှတ်ခိုင်းနေတဲ့သူတွေစကားကိုနားမယောင်ကြပါနဲ့
ကိုယ့်ဖြစ်တည်မှုကိုလျှော့ချမပစ်ကြပါနဲ့
ကျွန်တော်တို့ရခိုင်လူမျိုးတွေဟာဘယ်သူ့ကျွန်မှမဟုတ်ပါဘူး
ပြည်ထောင်စုသားတွေအချင်းချင်းပါ
အားလုံးတန်းတူတွေပါ။

ကျနော်တို့တတွေ
ဖက်ဒရယ်ပြည်ထောင်စုကိုငတ်မွတ်တယ်
ဒီမိုကရေစီလမ်းစဉ်နောက်လိုက်ပြီး ပြည်ထောင်စုကြီးအကျိုးကိုမျှော်ကိုးနေသူတွေ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုအကောင်အထည်ဖော်နေတဲ့အစိုးရကိုထောက်ခံနေသူတွေ
တစ်နိုင်ငံလုံးတိုးတက်လာရင်ရခိုင်ပြည်နယ်လည်းအလိုက်သင့်တိုးတက်လာမှာပဲ
ကျွဲကူးရေပါဆိုတဲ့စကားအတိုင်းပေါ့
မေယုဒေသကိုသွားကြည့်ကြပါ
ဦးစားပေးအဆင့်တစ်သတ်မှတ်ပြီးဖွံ့ဖြိုးမှုအရှိုန်မြှင့်နေပြီ။

တစ်နိုင်ငံလုံးအတွက်
တကယ်လိုနေခဲ့တာက
ဒီမိုကရေစီအစိုးရကောင်းတစ်ရပ်
အခု အစိုးရကောင်းတစ်ရပ်ရထားပြီ
စတင်ပြောင်းလဲနေပါပြီကြည့်တတ်ရင်မြင်ပါလိမ့်မယ်
ခဏတော့စောင့်ပေးကြပါ။

ထပ်ပြောပါရစေ
ခေတ်အဆက်ဆက်နိုင်ငံကိုချယ်လှယ်ခဲ့တဲ့အာဏာရှင်အစိုးရနဲ့ဗမာလူမျိုးကိုအတူတူလို့မသတ်မှတ်ကြပါနဲ့
သက်သက်စီပါ
အာဏာရှင်တွေရဲ့ဒဏ်တွေကိုခံစားခဲ့ကြရတာ ဗမာလူမျိုးတွေကပိုတောင်ဆိုးပါသေးတယ်
ခံရတာတစ်နိုင်ငံလုံးပါပဲ
ရခိုင်အရေးတွေမှာ
ဗမာလူမျိုးအပါအဝင်တိုင်းရင်းသားအားလုံးဝိုင်းကူပေးကြတာတွေကိုမြင်အောင်ကြည့်ကြပါ။

ပြည်ထောင်စုညီအစ်ကိုတွေကိုလည်းပြောချင်ပါတယ်
ဖက်ဒရယ်ပြည်ထောင်စုကိုလိုလားမက်မောနေကြတဲ့ရခိုင်လူမျိုးတွေအများကြီးရှိပါတယ်
တချို့တွေရဲ့လုပ်ရပ်ကိုကြည့်ပြီး
အထင်မလွဲကြပါနဲ့လို့။

အားလုံးကိုလေးစားပါတယ်.....

ဒေါက်တာဌေးလှိုင်(ရူပဗေဒ)
18.1.2018 ။ ရန်ကုန်မြို့။
(မေတ္တာရပ်ခံချက်။ Facebookပေါ်မှာ ရိုင်းပြတဲ့ commentတွေရေးပြီး ကိုယ့်ရခိုင်လူမျိုးတွေကိုရိုင်းတဲ့လူမျိုးအဖြစ် ပုံမဖော်မိကြပါစေနဲ့။)

No comments:

Post a Comment