Latest News

Wednesday, January 10, 2018

ဧရာဝတီကဖထီးမန်းဂျော်နီ၏သားဖြစ်သူ စောမင်းထိုက်ကျော် ဧရာဝတီသတင်းဌာနသို့ရေးသောစာ






တာဝန်ယူမှုတာဝန်ခံမှုမရှိသောဧရာဝတီသတင်းဌာနနှင့်
ကျနော်လေးစားခဲ့သော ဧရာဝတီသတင်းဌာနမှအယ်ဒီတာကိုရဲနီ
........................................
စာ(၁)ဧရာဝတီသတင်းဌာန သို့။
ကျနော်ကမန်းဂျော်နီရဲ့သား ဖြစ်ပါတယ်။
ဒီကနေ့ဧရာဝတီသတင်းဌာနမှာတင်ထားတဲ့ ဆွေမျိုးများ၏စီးပွားရေးလုပ်ငန်းများကို
မထိန်းချုပ်နိုင်ခြင်းဆိုတာနဲ့ စွပ်စွဲသူNLD အစိုးရ နှင့် နီးစပ်သူ တဦးဆိုသူကို
နာမည်နဲ့တကွ တိတိကျကျရေးစေချင်ပါတယ်။
ဒိရေးသားချက်ဟာ မိသားစုအတွက် ဂုဏ်သိက္ခာအရလွန်စွာထိခိုက်မှုရှိပါတယ်။
မည်သည့်စီးပွားရေးလုပ်ငန်းများကို မည်သူများကလုပ်ဆောင်နေသောကြောင့်ဟု
အတိအကျရေးသားစေချင်ပါသည်။
ကျနော်တို့ဖက်မှ အမှားအယွင်းရှိခဲ့လျှင်မည်သည့်အရေးယူမှုမျိုးကိုမဆို ရင်ဆိုင်ရန်အသင့်ဖြစ်ပါသည်။
သတင်းကိုပြောဆိုသူ NLD အစိုးရ နှင့် နီးစပ်သူ တဦးဆိုသူကိုလည်း အမည်ကိုတိတိကျကျရေးသားဖော်ပြစေလိုသည်။
သူ၏ပြောဆိုချက်မှားယွင်းခဲ့လျှင်လည်း သူ၏ပြောဆိုမှုကို သူတာဝန်ခံရန်လိုအပ်ပါသည်။
အကယ်၍ထိုသို့တာဝန်မခံနိုင်ပါက
အချက်အလက်တိကျရေရာမှုမရှိသည့်
ထိုရေးသားထားသောစာပိုဒ်ကိုဖြုတ်ပေးရန်နှင့် ပြင်ဆင်ချက်တောင်းပန်စာကိုထုတ်ပြန်ပေးရန်တောင်းဆိုပါသည်။
စောမင်းထိုက်ကျော်
...............
စာ(၂) ဧရာဝတီသတင်းဌာနမှ မြန်မာပိုင်းအယ်ဒီတာကိုရဲနီ
သို့
ကိုရဲနီ
နိုင်ငံရေးအတွက်မိသားစုကိုတောင်မငဲ့ပဲသူ့ဘ၀တလျောက်
ဒုက္ခခံခဲ့တဲ့အဘိုးကြီးတစ်ယောက်အတွက်
ဧရာဝတီသတင်းစာမျက်နှာပေါ်မှာ ရေရာမှုမရှိတဲ့ စာသားတွေကြောင့်
မိသားစုဝင်တွေအပါအ၀င်သူ့ရဲ့ရိုးသားမှုကိုသိကြတဲ့တပည့်တပန်းများ
အတွက်ရောမိတ်ဆွေများအတွက်ရော၊သူ့ကိုချစ်ခင်ကြတဲ့
ပြည်သူများအတွက်ပါ
အထူးကြေကွဲမှုဖြစ်စေခဲ့ရပါတယ်။
ကျနော်က ကိုရဲနီကို လူချင်းမသိသော်လည်း
နောင်တော် ရဲဘော်တစ်ဦးအနေဖြင့်လေးစားခဲ့ရသူတစ်ဦးဖြစ်ပါတယ်။
ကျနော့်အဖေနိုင်ငံရေးဖောက်ပြန်ခဲ့လျှင်၊အမှားအယွင်းလုပ်ခဲ့လျှင်
သတင်းတွင်ဖော်ပြထားသည့်အတိုင်းဆွေမျိုးများမှားခဲ့လျှင်လည်း
သူ့တို့သမိုင်းဖြစ်တာကြောင့် နာမည်နှင့်တကွအတိအကျ
ထိုနာမည်ပျက်ကို ခံယူဖို့ပါပဲ။
သတင်းဌာနကြီးတစ်ခုအနေနှင့်လည်း
သတင်းတွင်ဖော်ပြစဉ်က အများသိရှိသလို
အမှားပြင်ချိန်တွင်လည်း တောင်းပန်ကြောင်းဖော်ပြခြင်းဖြင့်
သတင်းဌာန၏ဂုဏ်ကိုထိန်းသိမ်းရာရောက်သလို
မိမိ ရဲဘော်ရဲဘက်များကိုလည်း သစ္စာထားရာရောက်ပါတယ်။
အသက် ၇၆ နှစ်အရွယ်အဘိုးကြီး တစ်သက်လုံးစောင့်ရှောက်
ခဲ့တဲ့နိုင်ငံရေးသိက္ခာနဲ့ သတင်းဌာနအကျိုးစီးပွား
ဘာကိုရွေးချယ်မလဲဆိုတာကတော့ ကိုရဲနီ၏
သဘောသာဖြစ်ပါတယ်။
ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေးဟာ မပြီးဆုံးသေးပါဘူး
တော်လှန်သစ္စာဖြင့်
စောမင်းထိုက်ကျော်
.................................................................
(လွန်ခဲ့တဲ့တစ်ရက်ကဒီစာကိုဧရာဝတီသတင်းဌာနကိုပို့ထားပါတယ်။
ဧရာဝတီသတင်းဌာနမှတောင်းပန်ပြင်ဆင်ချက်ကို မတင်တော့ဘူးလို့ ယူဆနိုင်တဲ့အချိန်မှဒီစာကိုရေးတင်ပါတယ်။ သူတို့ရေးထားတဲ့ဆွေမျိုးများစီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို
မထိန်းနိုင်ဆိုသည့်စာသားကိုတော့
တိတ်တဆိတ်
ပြန်ဖျက်သွားပါတယ်။
သတင်းတင်စဉ်က လူသိရှင်ကြားတင်ခဲ့တာကြောင့် ပြင်ဆင်တောင်းပန်ချက်ကိုလည်းလူသိရှင်ကြားထည့်ပေးဖို့လိုအပ်ပါတယ်။ ထိုစာသားရဲ့ရိုက်ခတ်မှုက အတော်ကြီးပါတယ်။
ဧရာဝတီသတင်းဌာနမှတောင်းပန် ပြင်ဆင်ချက်ကိုထည့်သွင်းချိန်တွင် ဤစာကိုဖျက်ပါမယ်။သတင်းထောက်များ၏ မိမိအာဘော် နှင့်မိမိလူ၏အာဘော်ကို အခြားသူတစ်ဦးတစ်ယောက်ပြောလေဟန်ဖြင့်
သတင်းများတွင်ထည့်သွင်းရေးသားခြင်းအများအပြားတွေ့လာရခြင်းဟာ
မီဒီယာများအတွက်ကောင်းသည့်အလားအလာဟုမယူဆပါ။)
........................................................................................................
ဒီအဖိုးကြီးက
၇၀ကျော်လို့ 
၈၀တွင်းကိုချဉ်းနင်းဝင်ရောက်လာချိန်ထိ
လက်ပျဉ်းမကျ
သက်ပြင်းမချ
ဒီဓာတ်ပုံမှာမြည်ဟိန်းနေတဲ့အသံက
ငါမအိုသေးလို့ ကြုံးဝါးလိုက်သလို။

၂၀၁၅ရွေးကောက်ပွဲကာလကရေးဖြစ်ခဲ့တဲ့စာနဲ့ပုံဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်သံဃာအရေးအခင်းမှာ ပြည်သူနဲ့တစ်သားထဲပါဝင်ခဲ့တဲ့ ဝန်ကြီးချုပ်သုံးဦး။
ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)
 ဒေါက်တာမြင့်နိုင် ( စစ်ကိုင်းတိုင်းဝန်ကြီးချုပ်)
မန်းဂျော်နီ၊(ဧရာဝတီတိုင်းဝန်ကြီးချုပ်)



https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1524388860942178

No comments:

Post a Comment