Latest News

Thursday, January 25, 2018

တုတ်/ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်၍ တန်ဖိုးငွေကျပ်သိန်းပေါင်း(၅,၈၀၀)ကျော်ခန့်ရှိ ရတနာပစ္စည်းများကို လုယူသွားသူများ အနက် (၁)ဦးဖမ်းဆီးရမိ

တုတ်/ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်၍ တန်ဖိုးငွေကျပ်သိန်းပေါင်း(၅,၈၀၀)ကျော်ခန့်ရှိ ရတနာပစ္စည်းများကို လုယူသွားသူများ အနက် (၁)ဦးဖမ်းဆီးရမိ

     ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ၁၈၃၀ အချိန်တွင်မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်နေ မျိုးသက်(ခ)ဟာနက်(၃၈)နှစ် ပါ(၅)ဦးသည် ခင်မင်ရင်းနှီးသူ ဖြိုးမောင်မောင် (စိစစ်ဆဲ)၏ ဖုန်းဖြင့်ဆက်သွယ်ပေးမှုအရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၇×၄၈ လမ်းကြား ခိုင်ရွှေဝါလမ်းနေ ကိုထွန်း(စိစစ်ဆဲ)၏ နေအိမ်သို့ သွားရောက်ခဲ့ရာ ကိုထွန်းမှ ၎င်းတို့ (၅)ဦးအား ဧည့်ခန်းတွင် ခေတ္တစောင့်ခိုင်းထားပြီး သူဌေးအား သွားခေါ်မည်ဟုဆိုကာ ပြောဆို ထွက်သွားကြောင်း၊ ခဏအကြာ နေအိမ်အတွင်းတံခါးပိတ်ထားသည့် အခန်းအတွင်းမှ လူငယ်(၄)ဦး (စိစစ်ဆဲ)တို့ ထွက်လာပြီး တုတ်/ဓားများဖြင့် မျိုးသက်(ခ)ဟာနက် ပါ(၅)ဦးတို့အား ဝိုင်းဝန်း ထိုးခုတ်ကာ ကျောက်စိမ်းလက်စွပ်(၇)ကွင်း၊ ကျောက်စိမ်းတုံး(၇)တုံး၊ ကျောက်စိမ်းဖြတ်စ(၁)စ၊ ရွှေကြုပ်(၁)ခု၊ လက်ကိုင်ဖုန်း(၆)လုံး၊ ငွေကျပ်(၁၀)သိန်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း (၅,၈၀၀)ကျော်ခန့်အား လုယူကာ Honda Fit ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး မျိုးသက်(ခ)ဟာနက် ပါ(၂)ဦးတို့တွင် ဦးခေါင်းနောက်စေ့ပြတ်ရှပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဖြိုးမောင်မောင်၊ ကိုထွန်းနှင့် ကျား(၄)ဦး(စိစစ်ဆဲ)တို့အား အောင်ပင်လယ်နယ်မြေရဲစခန်း(ပ)၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၇၆×၇၇ လမ်းကြားနေ ဖြိုးမောင်မောင် အား ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment