Latest News

Wednesday, January 3, 2018

ဖိုး ဇော် မြင့် ရဲ့ မြို့


တစ်မြို လုံးး တိတ်သွားတယ်
ကြေကွဲစိတ်တွေထဲမှာ
မင်းဟာ အလံလို တလူလူလွင့် လို့ 
ဒီမြို့ရဲ့ ကောင်းကင်ယံမှာ
မင်းအသံ ငါကြားတယ်
"ပေါ့ပေါ့ပါးပါးပါ လုပ်သင့်တာ အကုန်လုပ်ခဲ့တယ်"
နဲနဲလုပ် များများကြွားသူတွေကြား
မင်းထားခဲ့တဲ့ တရား
ဒီမြို့ရဲ့ နိုင်ငံရေး
ဒီမြို့ရဲ့ သာရေး
ဒီမြို့ရဲ့နာရေး
ဒီမြို့ကိုတည်ဆောက်တဲ့ နေရာတိုင်းမှာ
မင်းပါခဲ့တယ်
ဒါ့ထက်ပိုလို့ ဖြင့်
မင်းကို မတောင်းဆိုသင့်တော့ပါဘူး
ငြိမ်းအေးစွာ နားပါတော့ ညီ
ဒီမြို့ တစ်ခုလုံးထဲ
စိမ့်ဝင်စွဲနေအောင်
မင်း ဖြန့် ကြဲ ပြီးပါပြီ
ဒီမြို့ရဲ့ အုပ်ချပ်တိုင်းက
မင်း သမိုင်းကိုသိပါတယ်
မင်းဟာ ဒီမြို့ပါ
ဒီမြို့ဟာ
သူ့ အလံ တိုင်ဝက်ချ
မင်းကို အလေးပြု နေပါပြီ
ငြိမ်းအေးစွာ နာပါတော့ ညီ
မင်းဟာ ဒီမြို့ပါ။
ခေ ဇက်
(3-1-2018)

No comments:

Post a Comment