Latest News

Monday, January 29, 2018

လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပြိုင်ဘက် မာချာဒိုကို သုံးချီအတွင်း အလဲထိုးမည်ဟု အောင်လအန်ဆန် ကြုံးဝါး

လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပြိုင်ဘက် မာချာဒိုကို သုံးချီအတွင်း  အလဲထိုးမည်ဟု အောင်လအန်ဆန် ကြုံးဝါး


ရန်ကုန် ဇန်နဝါရီ  ၂၉

ရန်ကုန်မြို့၌ ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ရမည့် MMA  လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပြိုင်ဘက် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို သုံးချီအတွင်း အလဲထိုးနိုင်မည်ဟုယုံကြည်ကြောင်း  အောင်လအန် ဆန်က ပြောသည်။ ''ကျွန်တော့်ရဲ့တိုက်ခိုက်မှုကို  မာချာဒို ငါးချီအထိ ခံနိုင်မယ် မထင်ပါဘူး။ သုံးချီအတွင်း အလဲထိုးနိုင်မယ်လို့ ယုံကြည် တယ်။ မာချာဒိုက ဂျူဂျစ်ဆုအရမ်း ကောင်းတဲ့အတွက် ချုပ်ကွက်နဲ့နိုင်ဖို့ မမျှော်မှန်းထားဘူး။ှအညေိ င်္ငါ့အ နည်းနဲ့နိုင်ဖို့ နည်းပြတွေနဲ့လည်း ပြိုင်ပွဲပုံစံ လေ့ကျင့်ထားပါတယ်'' ဟု အောင်လအန်ဆန်က ပြောသည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁)သုဝဏ္ဏ၌ ကျင်းပမည့်                MMA ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် MMA  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံ သား အလက်ဇန္ဒား မာချာဒိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ မာချာဒိုသည် ဂျူဂျစ်ဆုတိုက်ခိုက်နည်းတွင် ခါးပတ်နက် ရရှိထားသည့် MMA ကစားသမားဖြစ်ပြီး ၂ဝ၁၆ခုနှစ် နောက်ဆုံးပွဲတွင် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ဖူးသည့် ဂါလာနီကို ဒုတိယ အချီအတွင်း အနိုင်ရရှိထားသည်။

 MMA  လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကို မူလက အသက် ၃၆နှစ်ရှိ ဘရာဇီး နိုင်ငံသား ရော်ဂျာကရေ့စ်က ရရှိထား သော်လည်း လက်ရှိတွင် အသက်အရွယ်ကြောင့် MMA ကစားသမားဘဝမှ အနားယူခဲ့သဖြင့်  လစ်လပ် နေသည့် MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုအတွက် အောင်လအန်ဆန်နှင့် အလက်ဇန္ဒား မာချာဒိုတို့ ယှဉ်ပြိုင် မည်ဖြစ်သည်။ အောင်လအန်ဆန်သည် လက်ရှိတွင် MMA   မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ရရှိထားသဖြင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ထပ်မံရရှိပါက ချန်ပီယံခါးပတ် နှစ်ခုရရှိသည့် MMA ကစားသမား တစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment