Latest News

Monday, January 29, 2018

ရန်ကုန်လူထု စုပေါင်းစက်ဘီးစီးနင်းသရုပ်ပြပွဲတွင် အားကစားသမား ၄ဝဝ ကျော် ပါဝင်ဆင်နွှဲ

ရန်ကုန်လူထု စုပေါင်းစက်ဘီးစီးနင်းသရုပ်ပြပွဲတွင် အားကစားသမား ၄ဝဝ ကျော် ပါဝင်ဆင်နွှဲ


ရန်ကုန်  ဇန်နဝါရီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့၏  ဦးဆောင် လမ်းညွှန်မှုဖြင့်  မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့်  ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ရန်ကုန်လူထုစုပေါင်း စက်ဘီးစီးနင်း သရုပ်ပြပွဲကို အင်းစိန်မြို့နယ်  နံ့သာကုန်းရပ်ကွက်  နံ့သာကုန်းပန်းခြံ ဘေး၌ စုရပ်သတ်မှတ်၍ ယနေ့နံနက်  ၅ နာရီ မိနစ် ၅ဝ က  စည်ကားသိုက်မြိုက်စွာ ကျင်းပရာ စက်ဘီးစီးအားကစား သမား ၄ဝဝ ကျော် ပါဝင်စီးနင်းဆင်နွှဲခဲ့ကြောင်း သိရ သည်။

စက်ဘီးစီးအားကစားသမားများအား  ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က  သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး နံ့သာကုန်း ပန်းခြံဘေးမှစတင်၍  လမ်းသစ်လမ်းမကြီးတစ်လျှောက် မင်းကြီးလမ်း(ဗဟိုလမ်း)၊ အောက်မင်္ဂလာဒုံလမ်း၊  ခရေပင် လမ်းခွဲမှ  ရန်ကုန်-ပြည်လမ်းအတိုင်း  နံ့သာကုန်းပန်းခြံ ဘေးသို့  ပြန်လည်ပန်းဝင် ရောက်ရှိလာကြသည်။

သရုပ်ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး  ဦးအောင်မိုး၊  မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်   ဒုတိယဥက္ကဋ္ဌ    ဦးကိုကြီး၊  အတွင်းရေးမှူး ဦးကျော်မင်းသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းနှင့်  တာဝန်ရှိသူများက   ကြည့်ရှုအားပေးကြ ကြောင်း သိရသည်။ ဥာဏ်ဟိန်း(​ကြေးမှုံ)

No comments:

Post a Comment