Latest News

Monday, January 29, 2018

အာရပ်စော်ဘွားများ ပြည်ထောင်စုက ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ်ကို ခင်းကျင်းပြသ

အာရပ်စော်ဘွားများ ပြည်ထောင်စုက ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ်ကို ခင်းကျင်းပြသ

ဒူဘိုင်း ဇန်နဝါရီ ၂၈

အာရပ်စော်ဘွားများ ပြည်ထောင်စု ရှာဂျာမြို့ရှိ ဆာဟာရာဈေးဝယ်စင်တာ၌ ဇန်နဝါရီ ၂၈ ရက်တွင် ကမ္ဘာ့ အကြီးဆုံးရွှေလက်စွပ်ကို ခင်းကျင်းပြသကြောင်း ယင်းဈေးဝယ်စင်တာက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြော သည်။ အဆိုပါ ရွှေလက်စွပ်ကို နက်ဂျမတ်တိုင်ဘာဟု အမည်ပေးထားပြီး အာရပ်ဘာသာစကားအရ တိုင်ဘာ၏ ကြယ်ဟု အဓိပ္ပာယ်ရသည်။ ဆွာရော့စကီသလင်းကျောက် ၆၁၅ လုံး အပြင် စိန်များနှင့် အဖိုးတန် ကျောက်မျက်ရတနာ စုစုပေါင်း အလေးချိန် ၅ ဒသမ ၁ ကီလိုဂရမ် (၁၁ ပေါင်)ကို အဆိုပါ လက်စွပ်တွင် စီခြယ်ထားပြီး ယင်းလက်စွပ်၏ အလေးချိန်မှာ ၆၃ ဒသမ ၈၅၆ ကီလိုဂရမ်ရှိသည်။

၂၁ ကာရက်ရှိသော နက် ဂျမတ်တိုင်ဘာသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းတန်ကြေးရှိပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ်အဖြစ် မှတ်တမ်းဝင်ရုံ သာမက ကမ္ဘာ့ရွှေကောင်စီကလည်း အသိအမှတ်ပြု ထောက်ခံပေးထားသည်။

နက်ဂျမတ်တိုင်ဘာ လက်စွပ်ပိုင်ရှင်က ရွှေဈေး ၁ အောင်စလျှင်ဒေါ်လာ ၂၅ဝ ပေါက်ဈေးရှိသည့် ၂ဝဝဝ ပြည့် နှစ်တွင်ပြုလုပ်ထားခြင်းဖြစ်ပြီး စုစုပေါင်းဒေါ်လာ ၅၄၇ဝဝဝ ကျသင့်ကြောင်း သိရသည်။ ထိုအချိန်မှစ၍ ရွှေဈေးမြင့်တက်လာမှုကြောင့် ဇန်နဝါရီ ၂၈ ရက်ရွှေဈေးကွက်တွင် ရွှေ ၁ အောင်စလျှင် ၁၄၉၇ ဒသမ ၅ ဒေါ်လာ ပေါက်ဈေးရှိသည့်အတွက် နက်ဂျမတ်တိုင်ဘာလက်စွပ်က ဒေါ်လာ ၃ သန်းအထိ တန်ကြေးမြင့် တက်လာခြင်း ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment