Latest News

Friday, January 5, 2018

ဆေးခြောက်ပင် စိုက်ပျိုးရေးခြံမိုက်တိုင်ဆန် ထူထောင်မည်

ဆေးခြောက်ပင် စိုက်ပျိုးရေးခြံမိုက်တိုင်ဆန် ထူထောင်မည်

အမေရိကန်ပြည်ထောင်စု   ကယ်လီ ဖိုးနီးယားပြည်နယ်၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဆေးခြောက်ကို တရားဝင် စိုက်ပျိုးရောင်းချခွင့်ပြုလိုက် ပြီးနောက်   ကမ္ဘာ့လက်ဝှေ့  အကျော် အမော်ဟောင်း    မိုက်တိုင်ဆန်က ပြည်နယ်တောင်ပိုင်းတွင် ၄င်း၏ဆေး ခြောက်ပင်  စိုက်ပျိုးရေးခြံကို ဖွင့်လှစ် ရန် စီစဉ်လျက်ရှိကြောင်း   ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင် ဆန်သည် ကယ်လီဖိုးနီးယားစီးတီး၌ စိုက်ပျိုးရေးခြံ    ထူထောင်မည်ဖြစ် ကြောင်း၊ မရဏတောင်ကြားအမည်ရှိ အမျိုးသားဥယျာဉ်၏    အနောက် တောင်ဘက် ၉၆ ကီလိုမီတာအကွာ၌ ယင်းမြို့တည်ရှိပြီး  တိုင်ဆန်စိုက်ပျိုးရေး ခြံအတွက် မြေကွက်ဖော်ခြင်း   အခမ်း အနား ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

တိုင်ဆန်၏   စိုက်ပျိုးရေးခြံသည် ဧက ၄ဝ (၁၆ ဒသမ ၂ ဟက်တာ) ကျယ်ဝန်းပြီး    အရည်အသွေးမြင့် ဆေးခြောက်ပင်များကို စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊    ထောက်ပံ့ရေး သိုလှောင်ရုံတစ်ခု၊ ဆေးဘက်သုံး ဆေးခြောက်အဆီ ထုတ်လုပ်ရေးစက်ရုံ၊ စိုက်ပျိုးရေးပညာပေး     သင်တန်း ကျောင်းတစ်ခု၊    မိတ်ဆွေအပေါင်း အသင်းများ ဆေးလိပ်သောက်ခွင့်ရှိသောနေရာနှင့် အလုပ်သမားနားနေ ဆောင်တစ်ခုတို့ကို    တည်ဆောက် သွားမည်ဆိုသည်။     တိုင်ဆန်သည် စိုက်ပျိုးရေးခြံ   စီမံခန့်ခွဲရေးအတွက် ကုမ္ပဏီတစ်ခုကိုလည်း    ထူထောင် ထားပြီးဖြစ်သည်။            

Ref ;The Mirror Daily

No comments:

Post a Comment