Latest News

Thursday, January 25, 2018

လျပ်စစ်ရေနွေးအိုး ၀ါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွား

လျပ်စစ်ရေနွေးအိုး ၀ါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွား

ဟင်္သာတ ဇန်ဝါရီ ၂၅

        ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မြ၀တီရပ်ကွက် ရတနာပုံ(၅)လမ်းတွင်ဇန်န၀ါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၅ အချိန်က နေအိမ် ၁ လုံးမီးလောင်ဖြစ်ပွားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များကမီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး တို့နှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီ ၄၅မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး သွပ်မိုး၊ ထရံကာ
နေအိမ်ဘုရားခန်းနှင့် အ၀တ်အထည်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

        ဖြစ်စဉ်မှာ နေအိမ်တွင် လူမရှိစဉ် PESKOE အမျိုးအစား လျပ်စစ်ရေနွေးအားတည်ထားခဲ့ရာမှ အပူရှိန်လွန်ကဲပြီး ၀ါယောရှော့ဖြစ်ကာမီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်းသိရပြီး မီးပေါ့ဆစွာအသုံးပြုသူအားဟင်္သာတမြို့မ ရဲစခန်းမှအမှုဖွင့်အရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment