Latest News

Thursday, January 11, 2018

ရှေးဟောင်းစေတီအား ပြုပြင်ရန်တူးဖော်စဉ် ရှေးဟောင်းကြေးဆင်း တုတော်နှင့် ကျောက်ဆင်းတုတော်များ တူးဖော်ရရှိ

ရှေးဟောင်းစေတီအား ပြုပြင်ရန်တူးဖော်စဉ် ရှေးဟောင်းကြေးဆင်း တုတော်နှင့် ကျောက်ဆင်းတုတော်များ တူးဖော်ရရှိ

မိုးကောင်း ဇန်နဝါရီ ၁၁

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြို့ဟောင်းကျေးရွာတွင် ဇန်နဝါရီ ၁၀ရက် နံနက်ပိုင်းက  ရှေးဟောင်းစေတီအား ပြန်လည်ပြုပြင်ရန် တူးဖော်စဉ် ရှေးဟောင်းကြေးဆင်းတုတော် ရှေးဟောင်း ကြေးဟင်္သာရုပ် ကြေးဖလားခွက်နှင့် ကျောက်ဆင်းတုတော်များ တူးဖော်ရရှိကြောင်း သိရသည်။

မိုးကောင်းမြို့ အနောက်ဘက် ၆ မိုင်ခန့် မန်ရွက်ကျေးရွာအုပ်စု မြို့ဟောင်း ကျေးရွာ တောင်ဘက် ၂ဖာလုံခန့်တွင် တည်ရှိသည့် ရှေးဟောင်းစေတီ တစ်ဆူအား ပြုပြင်မွန်းမံရန်အတွက် မန်ရွက်ကျေးရွာ ပရိယတ္တိဝိဟာရ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသုဓမ္မ ဦးစီး၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ကျေးရွာသားတို့မှ တူးဖော်စဉ် စေတီဟောင်းအတွင်းမှ ၇ လက်မခန့်ရှိ ရှေးဟောင်းကျောက်ဆင်းတုတော် ၂ဆူ၊၆ လက်မခန့် ၅လက်မခန့် ၄ လက်မခန့် ၃ လက်မခန့် ၁ ဆူစီ၊ကြေးဆင်းတုတော်၏ ဦးခေါင်းအသေး ၁ ခု၊၃ လက်မခန့် ကြေးဟင်္သာရုပ် ၃ ရုပ်၊ကြေးဖလား ၁ လုံးတို့အား တူးဖော်ရရှိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့သည် သမိုင်းအစဉ်အလာရှိသောမြို့ဖြစ်ကာ မိုးကောင်းမြို့ကို စတင်တည်ထောင်သောခုနှစ်မှာ ‘‘အိမ်အောက်မြစိမ်း မိုးကောင်းကိန်း’’ ဟူသော တပေါင်အရ ‘‘သက္ကရာဇ် ၁၁၅၃ ’’ ခုနှစ်တွင် ရှမ်းစော်ဘွားကြီး ခွန်ကောင်းဆိုင်က ရှမ်းဘာသာစကားဖြင့် ‘‘မိန်းကောင်း’’ ဟု မှည့်တွင်စေခဲ့သည် ‘‘မိန်း’’ဆိုသည်မှာ မြို့တော် ‘‘ကောင်း’’ဆိုသည်မှာ အိုးစည်ဖြစ်၍ အိုးစည်မြို့တော်ဟု ရှေးယခင်က ခေါ်ဆိုခဲ့ရာမှ မိုးကောင်းမြို့ဟု တွင်လာခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတည်နေရာမြို့သည် စတုတ္ထအကြိမ်တည်သောမြို့ဖြစ်ပြီး ဘုရားပုထိုးစေတီအဟောင်းများရှိရာ မြို့ဟောင်းကျေးရွာမှာ တတိယတည်ထောင်သော မိုးကောင်းမြို့ဟောင်း ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment