လကြတ်မှုဖြစ်စဉ်အား စောင့်ကြည့်သူများပြား
နေပြည်တော် ဇန်နဝါရီ ၃၁
နှစ်ပေါင်း ၁၅ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရသည့် အာကာသ ဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်သောSuper Blood Blue Moon ဖြစ်စဉ်ကို မြန်မာနိုင်ငံမှလည်း အပြည့်အဝမြင်တွေ့ခဲ့ရပြီး တစ်နိုင်ငံလုံးမှ လကြတ်မှုဖြစ်စဉ်ကို စောင့်ကြည့်မှုများ ရှိခဲ့သည်ကို မြင်တွေ့ရသည်။ အဆိုပါလကြတ်ခြင်းမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်အစအဆုံးအား အာရှတိုက်၊ မြောက်အမေရိကအနောက်ပိုင်း၊ ရုရှားစသည့် ဒေသများမှ မြင်တွေ့ခဲ့ကြရခြင်းဖြစ်ပြီး နာဆာမှလည်း လကြတ်မှု ဖြစ်စဉ် အစအဆုံးအား တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါတိုက်ရိုက်ပြသမှု အစီအစဉ်အား ကမ္ဘာအရပ်ရပ်မှ ကြည့်ရှုသူ ကိုးသန်းကျော်ရှိခဲ့ပြီး နိုင်ငံပေါင်းစုံမှ နက္ခတ္တဗေဒပညာရှင်များ၊ စိတ်ဝင်စားသူများနှင့် ဓာတ်ပုံပညာရှင်များ၊ ဝါသနာရှင် များက နည်းလမ်းမျိုးစုံ၊ နေရာမျိုးစုံတို့မှ မှတ်တမ်းတင်ခဲ့ကြသည်။
အဆိုပါဖြစ်စဉ်သည် ပုံမှန်မဟုတ်သည့် အခြေအနေသုံးခုပေါင်းစုံသည့် အာကာသဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး အလွန်ကြီးမားသည့် လအရွယ်အစားအား မြင်တွေ့ရခြင်း၊ Blue Moon ဖြစ်စဉ်ဖြစ်သည့် လတစ်လတည်းတွင် လပြည့်ခြင်း နှစ်ခါထပ်မှုဖြစ်ခြင်းနှင့် လကြတ်ခြင်း စသည့်ဖြစ်စဉ်သုံးခုကို တစ်ပေါင်းတည်း မြင်တွေ့ကြရခြင်း ဖြစ်သည်။ လကြတ်ခြင်းမှာ ကမ္ဘာ၏အရိပ်က လအားဖုံးလွှမ်း သွားပြီး အလင်းရောင် သည် အဖြူရောင်မှတစ်ဆင့် အဆင့်ဆင့်လကြတ်ခြင်း ဖြစ်စဉ်များ ဖြစ်ပွားပြီး နောက်ဆုံးတွင် အနီရောင်သန်းသည့်လအား မြင်တွေ့ခဲ့ကြရသည်။ ထိုကဲ့သို့ က္ဘာ၊ လနှင့် နေတို့ တစ်တန်းတည်းကျရောက်ချိန်မှာ ၁ နာရီ ၁၆ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စူပါမွန်းဖြစ်စဉ်ဖြစ်သည့် လသည် သူ့ပတ်လမ်းအတွင်း လည်ပတ် ရင်းမှတစ်ဆင့် က္ဘာနှင့်အနီးဆုံးသို့ ရောက်ရှိနေခြင်းကြောင့် ကြီးမားလှသည့် လ၏ အရွယ်အစားကြောင့် ယခုလကြတ်ခြင်းဖြစ်စဉ်ကို ပိုမိုထင်ရှားစွာ မြင်တွေ့ခဲ့ကြရသည်။ ဖြစ်စဉ်အစအဆုံးမှာ အချိန်အားဖြင့် နှစ်နာရီနီးပါး ကြာမြင့် ခဲ့သည်။
''လ ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုပြီး နေ ဆိုတာကတော့ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူတွေကို ကိုယ်စားပြုပါတယ်၊ လကြတ်တဲ့အခါကို တွက်ချက် ကြည့်မယ်ဆိုရင် မြန်မာ့လွတ်လပ်ရေးဇာတာ ကိုးတန့်ဘာဝမှာ လကြတ်ပါတယ်၊ ကိုးတန့်ဆိုတာ ဘာသာရေးအယူဝါဒကို ရည်òန်းပါတယ်၊ ဘာသာရေးနဲ့စပ်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ သတိကြီးကြီးထားပြီး ကိုင်တွယ်ကြရမယ်ဆိုတဲ့ အတိတ်နိမိတ် လို့လည်း မြင်ပါတယ်၊ သဘာဝဘေးအ္တရာယ်ကိုလည်း သတိထားကြရမယ်၊ ဒါပေမယ့် အဆိုးပြီးရင် အကောင်းလာတတ်တဲ့ နိမိတ်တစ်ခုလည်း ဖြစ်တာကြောင့် မကြာမီမှာ အခက်အခဲတွေ၊ အကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်မယ် လို့ အောင်နိမိတ်ယူလည်း ရပါတယ်'' ဟု နက္ခတ္တဗေဒပညာရှင် ကိုရဲဇော်က ပြောသည်။
လသည် ကမ္ဘာကို ပတ်နေသည့်လမ်းကြောင်းတွင် ၅ ဒီဂရီခန့် တိမ်းစောင်းပြီး က္ဘာကလည်း နေကို ၂၃ ဒသမ ၅ ဒီဂရီခန့် တိမ်းစောင်းနေခြင်းကြောင့် နေကြတ်ခြင်း၊ လကြတ်ခြင်းများသည် တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိသာ ဖြစ်ပေါ်လေ့ရှိသည်။ ယခုအကြိမ် လကြတ်ခြင်းသည် က္ဘာ၏ တိုက်ရိုက်အရိပ်ရှိသည့် နေရာအား ဖြတ်သန်းခြင်းဖြစ်သဖြင့် ယခုကဲ့သို့ အနီရောင်သန်းသည့် လအား မြင်တွေ့ကြရခြင်းဖြစ်သည်။ ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၂၂ မိနစ်တွင် လ၏ အရိပ်သည် စတင်ဖျော့လာပြီး ညမှောင်ချိန် ၆ နာရီ မိနစ် ၂ဝ ဝန်းကျင်တွင် လသည် အရိပ်စစ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ည ၇ နာရီ ၂၃ မိနစ်တွင် လတစ်ခုလုံးသည် က္ဘာ့အရိပ်အတွင်းသို့ အလုံးစုံကျရောက်ခဲ့ပြီး ည ၈ နာရီ ဝန်းကျင်တွင် လကြတ်ခြင်းမှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့သည်။ ည ၈ နာရီ ၃၉ မိနစ်တွင် လသည် အရိပ်ဖျော့ရှိရာသို့ ရောက်ရှိပြီး ၉ နာရီ ၄၂ မိနစ်တွင် အရိပ်ဖျော့သို့ ရောက်ရှိလာမည်ဖြစ်သည်။
လမင်းသည် ကရကဋ်တာရာခွင်အတွင်း ရောက်ရှိပြီး လာမည့်လကွယ် နေ့တွင်လည်း နေကြတ်ဦးမည်ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ကြောင်း အာကာသနှင့် စကြဝ$ဠာလေ့လာသူ ကိုသန့်ဦးက ဆိုသည်။
ခင်ရတနာ(မြန်မာ့အလင်း)
No comments:
Post a Comment