Latest News

Wednesday, January 31, 2018

မုေ႒ာကိုးဆူ ဘုရားမ်ား


ပုသိမ္ဘုရားဖူးမ်ား ထပ်မံတောင်းဆိုကြသဖြင့် ထပ်မံတင်ပြအပ်ပါသည် ၊
မုဋ္ဌောကိုးဆူ ဘုရားများ

မုဋ္ဌောကိုးဆူသမိုင်းအရ ပုသိမ်မြို့မနှင့် ပုသိမ်ခရိုင်အတွင်း၊ အတွင်းငါးဆူ၊ အပြင်လေးဆူ၊ ပေါင်း မုဋ္ဌောကိုးဆူရှိရာ၊ ပုသိမ်မြို့မနှင့် ဆင်ခြေဖုံးတွင်ရှိသော...
အတွင်းမုဋ္ဌောငါးဆူ
၁။ ပုသိမ်မြို့လယ်တွင် အလောင်းတော်ရွှေငါးကြင်း နှင့် ဝက်မင်းဖြစ်စဉ်ကကျက်စားခဲ့ရာတွင်တည်ထားသော ရှေးအခေါ် ထူပါရုံစေတီ ယခု ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး

၂။ မြို့၏အရှေ့တောင် ရှေးခေတ် ကျိုက်ပိမြို့ဟောင်း၊ ယခု သစ်ရောင်းချောင်းအနီး ဘုရားကြီးကုန်းကျေးရွာ၌
အလောင်းတော်ဆင်မင်းဖြစ်၍ ကျက်စားဖူးရာအရပ်တွင် တည်ထားအပ်သော ရှေးအခေါ် မဟာစေတီ ယခုအခေါ် ဘုရားကြီးကုန်းဘုရား

၃။ မြို့၏တောင်ဘက်တွင် ဘုရားအလောင်းတော် ရှဥ့်မင်း ဖြစ်စဉ် ကျက်စားဖူးသော နေရာ၌ တည်ထားအပ်သော ရှေးအခေါ် မင်္ဂလာစေတီ၊ ယခု တဂေါင်းဘုရားလမ်းရှိ တဂေါင်းစေတီတော်။

၎။ မြို့၏နောက်တောင်အရပ်တွင် အလောင်းတော်ရွှေသမင်မင်းဖြစ်စဉ် ပျော်စံကျက်စားရာနေရာ၌ တည်ထားအပ်သော ယနေ့ မဟာဗောဓိလမ်းရှိ မဟာဗောဓိစေတီတော်။

၅။ မဟာဗောဓိစေတီတော်၏ တောင်ဘက် အလောင်းတော်ရှဥ့်မင်း ခန္တာစဲရာအရပ်ကို အမှတ်တရပြုကာ တည်ထားအပ်သော သုမင်္ဂလာစေတီတော်၊ ယနေ့ ရေကြည်ရေနောက်အရပ်ရှိ သုမင်္ဂလာဆုတောင်းပြည့်စေတီ တို့ဖြစ်ကြသည်။ ထိုစေတီသည် လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီ ရေကြည်ဦးဘုရား အဝင် လက်ဝဲဘက် ကားလမ်းဘေး သစ်ပင်များဝန်းရံလျက် တိတ်ဆိတ်အေးချမ်းစွာ တည်ရှိပါသည် ။

အပြင်မုဋ္ဌောလေးဆူ------
၆။ မြို့၏အနောက်တောင် ငဝန်မြစ်အနောက်ဘက်၊ ချင်းကုန်း - ကွင်းချောင်းကြီးအတွင်၌ အလောင်းတော်ခိုမင်းဖြစ်စဉ် ပျော်စံရာအရပ်၌ တည်ထားသော သုမနစေတီ။ နတ်ကြီးသောနေရာဖြစ်၍ ဘုရားရင်ပြင်ရှိကျွန်းရွက်များကို မည်သူမျှမယူဆောင်ဝံ့ကြ ချေ ။
( မှတ်ချက် Admin တို့သွားရောက်ဖူးမြော်ရာ ည အပြန်လမ်းတွင် တစ်သက်မမေ့စရာ ထူးဆန်းအံ့သြဖွယ်ရာများကြုံခဲ့ရပါသည် )

၇။ မြို့၏အနောက်မြောက် ငဝန်မြစ်၏ အနောက်ဘက်ကမ်း၊ ကျောက်ချောင်းကြီးရွာတွင် အလောင်းတော်ပုတ်သင်မင်းဖြစ်စဉ် ပျော်စံရာဌာန၌ တည်ထားသော ခိပ္ပိသာစေတီ၊ ယခုခေတ်တွင် ရွှေပုတ်သင်စေတီဟု ထင်ရှားလျက်ရှိသည်။

၈။ မြို့၏မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ ငဝန်မြစ်နှင့်ဒါးကချောင်း ပေါင်းဆုံရာအနီး၊ ငဝန်မြစ်အရှေဘက်ကမ်း၊ အလောင်းတော်ကြက်မင်းဖြစ်စဉ် ပျော်စံရာ သာယာမြင့်မောက်သော ကုန်းအထက်တွင် တည်ထားအပ်သော သီရိဝဏ္ဏစေတီ။ ရွှေမြင်တင်ရွာ၏အနီးတွင်ရှိ၍ ရွှေမြင်တင်ဘုရားဟု ခေတ်စားလျက်ရှိသည်။

၉။ မြို့၏မြောက် ငဝန်မြစ်တစ်လျှောက်၊ သာပေါင်းမြို့နယ်၏ အထက်ပိုင်း၊ စက်ဒေါင့်ကြီးတစ်ဖက်ကမ်း ဘုရားကြီးရွာ၊ ငဝန်မြစ်အနောက်ဘက်ကမ်းနဖူးအနီးတွင်၊ အလောင်းတော် ကျေးမင်းဖြစ်စဉ် ပျော်ရွှင်ကျက်စားဖူးရာဒေသ၌ ခုနှစ်ရက်သားတို့ ချင်းသာရစေကြောင်းဖြင့် ခုနှစ်နေ့အမည်ကို အစွဲပြုကာ အကျော်ဇေယျပဿထ ဟု ဘွဲ့တော်ချီစေလျက် တည်ထားအပ်သော ယနေ့ ဘိုးတော်ဘုရားကြီး ဟု အများသမုတ်လျက်ရှိသည့် စေတီတော်တို့ဖြစ်ကြသည် ၊ မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေပြီး ပြန်လည်ပြုပြင်ရာ ယခုထိမအောင်မြင်သေးချေ ။

ပုသိမ်မြို့တော် ဗုဒ္ဓသာသနိကစေတီဘုရား - Pathein's Pagodas











No comments:

Post a Comment