ရန်ကုန် ဇန်နဝါရီ ၁၅
အောင်လအန်ဆန်သည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ရန်ရှိသော ချန်ပီယံ ကာကွယ်ပွဲအတွက် ကစားသမားတွေ့ဆုံပွဲပြုလုပ်ရန် ဇန်နဝါရီတတိယပတ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
အောင်လအန် ဆန်သည် ချန်ပီယံကာကွယ်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် ကစားသမားတွေ့ဆုံပွဲကို ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲကို အောင်လအန်ဆန်နှင့် ဖိုးသော်တို့ တက်ရောက်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။
One Championship သည် ဖေဖော်ဝါရီလအတွင်း ယှဉ် ပြိုင်မည့်ပြိုင်ပွဲ အတွက် တွဲဆိုင်းများကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အောင်လအန်ဆန်မှာ ချန်ပီယံ ကာကွယ်ပွဲကို ဗစ်တာလီဘစ်ရှ်ဒက်နှင့်သာ ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း သိရသည်။(MWD)
No comments:
Post a Comment