Latest News

Tuesday, January 23, 2018

ကောလာဟလ သတင်းအပေါ် ကာယကံရှင် မနော ရဲ့ ဖြေရှင်းချက်

ကောလာဟလ သတင်းအပေါ် ကာယကံရှင် မနော ရဲ့ ဖြေရှင်းချက်

လတ်တလော လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ တော့ Myanmar Idol Season 3 မှာ မနော သီချင်းနဲ့ ပြိုင် ရင် ပြိုင်ပွဲ ကနေ ထုတ်ပယ်မယ် လို့ ဒိုင်တစ်ဦးဖြစ် တဲ့ မြန် မာ ပြည်သိန်းတန်က ပြောကြားခဲ့တယ်ဆိုပြီး ကောလာဟလ သတင်းတစ်ပုဒ်ပျံ့ နှံ့ လာတာနဲ့ ပတ်သက်ပြီး တေးသံရှင် မနော က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ကတဆင့် ရှင်းလင်းပြောကြား ခဲ့ပါတယ်။

"မဂ်လာပါ ဟိုနေ့က Post တစ်ခုနဲ့ပတ်သက်ပြီးနဲနဲပြောစရာလေးတော့ရှိတယ်ဗျာ ဦးသိန်းတန် ဆိုတာ ကျနော်လေးစားတဲ့အနုပညာရှင်ကြီးပါ ခုလည်းလေးစားလျက်ပါပဲ အဲဒီpost က ဦးပြောတာလုံးဝမဖြစ်နိုင်ပါဘူး။

 တကယ်ပြောခဲ့ရင်တောင်မှ စိတ်မဆိုးနိုင်ပါဘူး ။ကျနော့်ရဲ့ မြင်ဆရာကြားဆရာမို့ပါ ။အနုပညာသမားများကိုမှီပြီး စီးပွားရှာသူများသိထားသင့်တဲ့တစ်ချက်တော့ရှိပါတယ်။ မိမိ စီးပွားရေး မိမိအစီအစဉ်အောင်မြင်ဘို့ အနုပညာကိုရိုးသားစွာလျှောက်လှမ်းနေတဲ့လူနှစ်ဦးကိုအသုံးချပြီး စတေးလိုက်ရင်တော့ သိပ်ညံ့ဖြင်းရာကျပါတယ်။

 ခုကိစ္စကသာမန်မဟုတ်ပါ။ စီးပွားရေးမားကပ်ကိုကျွမ်းကျင်သူတစ်ဦးလုပ်တာဖြစ်ပါတယ်။ မလုပ်သင့်မလုပ်အပ်ပါဘူး ။ကျနော်မနောက နယ်မှာမွေး နယ်မှာကြီးတဲ့တောသားသိပ်နားမလည်သူမို့ ကျနော့်ကိုမှရွေးပြီးအသုံးချတာမျိုးမလုပ်ပါနဲ့ဗျာ 😭ကိုယ်ချင်းစာတရားလေးရှိမယ်ဆိုလျင် Fb အွန်လိုင်းလောကကြီး အကျည်းမတန်တော့ဘူးပေါ့ဗျာ🙏လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ🙏''လို့ မနော ရဲ့ ဖေ့စ်ဘွတ်ခ် မှာ ရေးသားထားပါတယ်။

ပိုတို - မ​နော

No comments:

Post a Comment