Latest News

Wednesday, December 27, 2017

YE 7စားသောက်ဆိုင်အတွင်း ဖြစ်ပွားသည့် လူသတ်မှုတရားခံများ ဖမ်းဆီးမိ

YE 7စားသောက်ဆိုင်အတွင်း ဖြစ်ပွားသည့် လူသတ်မှုတရားခံများ ဖမ်းဆီးမိ

မိတ္ထီလာ  ဒီဇင်ဘာ   ၂၇

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ YE 7စားသောက်ဆိုင်းအတွင်း သန်းနိုင်ဦး(ခ)မုန့်ဖတ်(၂၉)နှစ်အားဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁နာရီ ၃၀ မိနစ်အချိန်ကအမည်မသိသူ (၂)ဦးမှ ဓားဖြင့် ဝင်ရောက်ထိုးပြီးထွက်ပြေးတိမ်းရှောင်သွားရာအဆိုပါရရှိသောဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူရာမှ သေဆုံးသွားခဲ့သဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီးထွက်ပြေးတိမ်းရှောင်နေသူတရားခံများအမြန်ဖမ်းဆီးရမိရေး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွှန့်ထွန်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်လွင်နှင့် တပ်ဖွဲ့ဝင်တို့မှ တိမ်းရှောင်နေသူတရားခံနှစ်ဦးအားစုံစမ်းသတင်းရယူဖော်ထုတ်ခဲ့ရာအခင်းဖြစ်ပွားပြီး (၁၀)နာရီခန့်အကြာ၌ အမှုမှ တိမ်ရှောင်နေသူတရားခံ ထွန်းလင်း (၂၃)နှစ် မွေးနယ်မြေ(၁၃)ရန်မျိုးအောင်ရပ်ကွက်အား ဖမ်းဆီးရမိပြီးကျန်ရှိတရားခံဖြစ်သူစောဌေးဦး(၄၄)နှစ် နယ်မြေ(၁၂) ရန်မျိုးအောင်ရပ်ကွက် မိတ္ထီလာမြို့နေသူအားထပ်မံဖမ်းဆီးရမိခဲ့ပြီးအမှုမှ တရားခံထွန်းလင်းနှင့်စောဌေးဦးတို့မှ အခင်းဖြစ်စဉ်ကိုင်ဆောင်သည့် အရိုးအသွား(၃၄)လက်မရှိငှက်ကြီးတောင် ဓား(၁)ချောင်း၊ အရိုးအသွား (၂၀)လက်မရှိသံဓားရိုးတပ် ငှက်ကြီးတောင်ဓား (၁)ချောင်းနှင့်  (၉)လက်မ ခန့်ရှိသုံးဆစ်ချိုးသံတုတ်(၁)ချောင်းတို့ကိုသက်သေခံပစ္စည်းများအဖြစ်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဖြစ်ပွားရသည့်အကြောင်းအရင်းမှာသေဆုံးသူသန်းနိုင်ဦး(ခ)မုန့်ဖတ်အားတရားခံထွန်းလင်းနှင့် စောဌေးဦးတို့မှ ပထမအကြိမ်ရန်ဖြစ်စကား များကြပြီး နောက်တရားခံထွန်းလင်းနှင့်စောဌေးဦးတို့မှနေအိမ်သို့ပြန်၍ ဓားတစ်ယောက်တစ်ချောင်းစီးယူဆောင်ကာသေဆုံးသူအား ပြည်သာယာ ရပ်ကွက်အတွင်းလှည့်လည်ရှာဖွေစဉ်YE7စားသောက်ဆိုင်ရှေ့တွင် တွေ့ရှိခဲ့ရ၍ တရားခံထွန်းလင်းမှ ဓားဖြင့် လိုက်၍ ခုတ်စဉ် ဆိုင်အတွင်း ကောင်တာရှေ့အထိထွက်ပြေးသွားခဲ့ရာတရားခံစောဌေးဦးမှ နောက်မှဆိုင်အတွင်းလိုက်ဝင်လာပြီး ၎င်းတို့နှစ်ဦးအား ဖြန်ဖြေ ပေးသယောင်နှင့် သေဆုံးသူ၏ ဝဲဘက်ရင်အုံအားအသင့်ယူလာသော ငှက်ကြီးတောင်ဓားဖြင့် (၁)ချက်ထိုးသွင်းခဲ့ကြောင်းသိရသည်၊  သိန်းမြင့်ကျော်(မိတ္ထီလာ)MMAL

No comments:

Post a Comment