Latest News

Wednesday, December 27, 2017

ပင်လယ်ပြင်ကျားဖောင်ပေါ်တွင် ထင်းချောင်းနှင့် အရိုက်ခံရ၍ ရေလုပ်သားတစ်ဦး သေဆုံး

ပင်လယ်ပြင်ကျားဖောင်ပေါ်တွင် ထင်းချောင်းနှင့် အရိုက်ခံရ၍ ရေလုပ်သားတစ်ဦး သေဆုံး

ဖျာပုံ၊ဒီဇင်ဘာ ၂၇

        ဖျာပုံမြို့နယ်၊အမာမြို့ ၊ဒေးဒလူ ကျေးရွာ အုပ်စု၊ရွှေလှေကျင်း ကျေးရွာ နေ ဦးဖိုးဇော် ရေလုပ်ငန်းလုပ်ကိုင်သူမှ ဒီဇင်ဘာလ (၂၅)ရက်နေ့ နံက် ၉ နာရီ ၅ မိနစ်အချိန်  ဒေါ်ညိမ်းနယ်မြေရဲစခန်းသို့ လာရောက် တိုင်တန်း ခဲ့ကြောင်းသိရသည်။

          ဖြစ်စဉ်မှာ ဦးဖိုးဇော်သည် ဒီဇင်ဘာလ ၂၃ ရက်နေ့က နေအိမ် တွင်ရှိနေစဉ် ကမ်းနှင့် ရေမိုင် (၃၅)မိုင်၊ရေလံ(၉)လံခန့်ရှိ ပင်လယ်ပြင်တွင် ၎င်းပိုင်ဆိုင်သည့် ကျားဖောင်တန်းနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ရာ ငါးပေါင်းဦးစီး ကိုသန်းထိုက်စိုး အား ပင်လယ်ပြင်အခြေအနေမေးမြန်း နေစဉ် ကိုသန်းထိုက်စိုးမှ ဒီဇင်ဘာ လ ၂၃ ရက်နေ့က ကျားဖောင် တစ်ဖောင်မှ အလံထိုး အချက်ပြခေါ်ယူသဖြင့် ငါးပေါင်းစက်လှေဖြင့် သွားရောက်ခဲ့ရာ ကျားဖောင်ဦးစီး ဝေဠု၏ ကျားဖောင်ဖြစ်နေကြောင်း သိရပြီး ကိုသန်းထိုက်စိုးမှ ကျားဖောင်ဦးစီး ဝေဠုအား ဘာလို့ခေါ်တာ လည်းဟု မေးမြန်းရာ ဖောင်ဦးစီး ဝေဠုမှ ဖောင်နောက်လိုက် သိန်းဆွေ (၄၂)နှစ် (ဘ)ဦးစောထွန်းထိန်ပင်ကျေးရွာ၊မင်းပြားမြို့နယ်၊ ရခိုင်ပြည်နယ် နေသူမူးလဲသွားတာ နှိုးမရတော့ လို့ဟုပြော၍ ဖောင်နောက်လိုက် သိန်းဆွေး အား ဆေးကုပေးရန် ငါးပေါင်းစက်လှေဖြင့် ကမ်းသို့ပြန်လာ နေကြောင်း ပြောပြသိရှိရကြောင်း၊ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကမ်းသို့ ရောက်ရှိပြီး ၎င်းမှ ဦးသိန်းဆွေအား ကျုံကဒွန်း ဆေးရုံသို့ ဆေးကုသရန် အတွက်ခေါ်ဆောင်သွားရာ ယင်းနေ့ ညနေ (၄)နာရီအချိန်တွင် ကျုံကဒွန်းဆေးရုံပေါ်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

          ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ (၅)နာရီအချိန်ခန့်တွင်သေဆုံးသူ ဦးသိန်းဆွေနှင့် မျိုးအေး (၃၅)နှစ် လှိုင်သာယာ၊ရန်ကုန်တိုင်းနေသူ တို့မှာ ကျားဖောင်ပေါ်၌ ငါးဖမ်းပိုက်များဆွဲတင်နေစဉ် မျိုးအေးမှာ အင်အားသုံး၍ အလုပ်မလုပ်ဘဲ ရေသာခိုနေသဖြင့် ဦးသိန်းဆွေမှ ဆဲဆို မာန်မဲ ခိုင်းစေခဲ့သည်ကို မကျေနပ်သဖြင့် တစ်ယောက်တစ်ခွန်းစကားများ ရန်ဖြစ်ကြရင်း ဖောင်ပေါ်တွင် အသင့်ရှိသော အရှည် (၁)ပေခွဲခန့်၊လုံးပတ်တစ်လက်မခန့်ရှိ ထင်းချောင်းနှင့်မျိုးအေးမှ ဦးသိန်းဆွေ၏ ဦးခေါင်းအား ရိုက်ခဲ့ကြောင်း ဖောင်ဦးစီးဝေဠုမှ ပြောပြသိရှိရသဖြင့် ဦးသိန်းဆွေ အား အသက်သေဆုံးသည်အထိ ဦးခေါင်းအား ထင်ချောင်းဖြင့်ရိုက်ခဲ့သူ မျိုးအေးအား ဒေါ်ညိမ်းနယ်မြေ ရဲစခန်းက အမှုဖွင့် လှစ်ပြီး တရားခံ မျိုးအေး အားဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းသိရသည်။ ကျော်စိုးမိုး(MMAL)

No comments:

Post a Comment