Latest News

Saturday, December 9, 2017

ဒလမြို့မှ ကွမ်းခြံကုန်းမြို့သို့YBSယာဉ်ကြီးများ စတင်ပြေးဆွဲ

ဒလမြို့မှ ကွမ်းခြံကုန်းမြို့သို့YBSယာဉ်ကြီးများ စတင်ပြေးဆွဲ

ဒလ   ဒီဇင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ရွှေတောင်ပိုင်း သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ဒလမြို့မှ ကွမ်းခြံကုန်းမြို့သို့ အမှတ် ၅ဝ YBSယာဉ်ကြီးများဖြင့် ခရီးသည်ပို့ဆောင် ပြေးဆွဲခြင်းကို ဒီဇင်ဘာ ၈ ရက်က စတင်နေပြီဖြစ်ကြောင်းသိရသည်။

ယာဉ်စီးခနှုန်းထားများအဖြစ် ဒလ-ကော့မှူး ခရီးစဉ်အတွက် ငွေကျပ် ၅ဝဝ၊ ဒလ-ကွမ်းခြံကုန်း ခရီးစဉ်အတွက် ငွေကျပ် ၈ဝဝ နှင့်  ခရီးစဉ်  တစ်ပိုင်းစီအတွက်  ငွေကျပ် ၂ဝဝ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ယာဉ်ထွက်ချိန်အဖြစ် နံနက်ပိုင်းတွင် ကွမ်းခြံကုန်းမြို့မှ  ၆ နာရီ၊ ဒလမြို့မှ ၈ နာရီ  တွင် စတင်ထွက်ခွာပြီး နာရီဝက်လျှင် ယာဉ်တစ်စီးကျစီ ပြေးဆွဲလျက်ရှိကြောင်း၊ ညနေပိုင်းတွင် ကွမ်းခြံကုန်းမြို့မှ မွန်းလွဲ ၂ နာရီ၊ ဒလမြို့မှ  ညနေ ၄ နာရီတွင် ပြေးဆွဲ ပေးလျက်ရှိကြောင်း၊                                            
ရွှေတောင်ပိုင်း   သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိ တက်(ဒလ)မှ တာဝန်ရှိသူ ဦးကျော်စိုးမိုး က ယာဉ်လိုင်းအနေဖြင့် ခရီးသွားပြည်သူ များ သွားလာမှုအဆင်ပြေစေရန်နှင့် ယာဉ် စီးခသက်သာစေရန် ရည်ရွယ်ပါကြောင်း၊ ယာဉ်စီးရေကိုလည်း ထပ်မံတိုးချဲ့သွားရန်  စီစဉ်မှုများရှိကြောင်း သိရသည်။

YBSခရီစဉ်နှင့်ပတ်သက်၍ ကွမ်းခြံ ကုန်းမြို့မှ ရန်ကုန်မြို့သို့ နေ့စဉ်ရုံးတက်သူ ပညာရေးဝန်ထမ်း   ဦးဝင်းနှင့်  ကော့မှူး မြို့မှ     အရောင်းအဝယ်သမားဖြစ်သူ ဦးတင်ထွန်းတို့က ယခုကဲ့သို့  YBS ယာဉ် များ ပြေးဆွဲပေးသည့်အတွက် ယာဉ်စီးခ သက်သာပြီး သွားလာမှုလည်း အဆင်ပြေ ကြောင်း၊ ယာဉ်စီးရေ  တိုးချဲ့ပေးစေလို ကြောင်းနှင့် တွံတေးမြို့မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ မဖူးပွင့်သဇင်က တွံတေးမြို့ သို့လည်း  ယာဉ်များ ပြေးဆွဲပေးစေ လိုကြောင်း ပြောကြားသည်။    ဒလမှ  ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့များ သို့ လက်ရှိအချိန်တွင် ယာဉ်ငယ်လေး များ ပြေးဆွဲနေလျက်ရှိပြီး ယာဉ်စီးခမှာ အနိမ့်ဆုံး  ငွေကျပ် ၁၅ဝဝ မှ   ငွေကျပ် ၃ဝဝဝ အထိဖြစ်ကြောင်း YBSယာဉ် ကြီးများအနေဖြင့် ယခုကဲ့သို့ ပြေးဆွဲပေး ခြင်းဖြင့် ဒေသခံပြည်သူများယာဉ်စီးခနှုန်း သက်သာပြီး    သွားလာမှုအဆင်ပြေ ကြောင်း၊ တွံတေးမြို့နယ်သို့လည်းYBS ယာဉ်များ     ပြေးဆွဲပေးစေလိုကြောင်း ဒေသခံပြည်သူများက  ပြောကြားလျက် ရှိသည်။                 မောင်ယဉ်ဦး(ဒလ)

No comments:

Post a Comment