ညောင်ချောင်းသာကမ်းခြေ ဒီဇင်ဘာနောက်ဆုံးပတ် ဖွင့်မည်
ညောင်တုန်း ဒီဇင်ဘာ ၉
မိုးအလွန် နွေရာသီ ကမ်းခြေအပန်းဖြေစခန်းအဖြစ် လူသိများ ထင်ရှားပြီး လာရောက်အပန်းဖြေသူ များပြားလာသော ညောင်တုန်းမြို့၏ ဧရာဝတီကမ်းခြေ ညောင်ချောင်းသာရေချိုးဆိပ် အပန်းဖြေစခန်းကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး အတွက် ညောင်တုန်းမြို့နယ်မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်ကားလာလွန်ခဲ့သော ခြောက်နှစ်ခန့်မှ စတင်ပြီး ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံတွင် သဘာဝအလျောက် ဖြစ်တည်ခဲ့သော သဲသောင်ပြင်ကြီးပေါ်တွင် ရန်ကင်းသာ အပန်းဖြေရေချိုးဆိပ်အဖြစ် ဖွင့်လှစ်ခဲ့ရာမှ ညောင်ချောင်းသာ အပန်းဖြေစခန်း အဖြစ် ပိုမိုလူသိများလာပြီး နှစ်စဉ် လာရောက်အပန်းဖြေသူ ပိုမိုများပြားကာ စည်ကားလာခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်မှစတင်ပြီး အ္တရာယ်များသော နေရာဟောင်းတွင် ဖွင့်လှစ်ခြင်း မပြုတော့ဘဲ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျယ်ဝန်းသော သဲသောင်ပြင်ကြီးပေါ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ ပိုမိုအဆင်ပြေသည့်အပြင် အ္တရာယ်လည်း ကင်းဝေးသွား ကြောင်း သိရသည်။
တည်ဆောက်လျက်ရှိယခုအခါ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျယ်ဝန်းသော သဲသောင်ပြင်ကြီးပေါ်တွင် ဈေးဆိုင်ခန်း ၆ဝ တည်ဆောက်လျက်ရှိပြီး ခိုင်ခံ့သော အဆင်းတံတား တည်ဆောက် ခြင်း၊ အဆင်းကားလမ်း ဖြောင့်ဖြူးကောင်းမွန်ရေးနှင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းနှင့် အခြားလိုအပ်သော အဆောက်အအုံများကိုလည်း တည်ဆောက်လျက်ရှိသည်။
''မနှစ်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ဒီနှစ်တော့ နှစ်မကုန်မီ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ ဖွင့်လှစ်နိုင်ဖို့
ကြိုးပမ်း ဆောင်ရွက်နေပါတယ်၊ လာရောက် အပန်းဖြေသူတွေ အန္တရာယ် ကင်းဝေးအောင်၊ အစစအရာရာ အဆင် ပြေအောင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ သွားလာမှု အဆင်ပြေစေရေး၊ ကျန်းမာ ရေး၊ သန့်ရှင်းရေးတွေကိုလည်း စနစ် တကျ ဆောင်ရွက်ထားပါတယ်'' ဟု ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ပြောသည်။
ညောင်ချောင်းသာ ကမ်းခြေသို့ လာရောက်အပန်းဖြေသူများအနေဖြင့် ပန်းလှိုင်မြစ်ထိပ် ဧရာဝတီမြစ်ကမ်းခြေ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်တို့၏ သဘာဝအလှအပရှုခင်းမျိုးစုံကို တွေ့မြင် ခံစားရင်း ဧရာဝတီမြစ်ပြင်ကျယ်မှ ဖြတ်သန်းတိုက်ခတ်လာသော သဘာဝ လေကောင်းလေသန့်များကို ရှူရှိုက် နိုင်သဖြင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပြီး အပန်းဖြေရန် အဆင်ပြေသည့် နေရာကောင်းတစ်ခု အဖြစ် လူသိများကြသည်။
ညောင်တုန်းမြို့၏ ညောင်ချောင်းသာ ကမ်းခြေသို့ လာရောက်အပန်းဖြေရင်း ညောင်တုန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မိုးဟုတ်စေတီ၊ ဥသျှစ်လှစေတီ၊ အတုလ မာရဇိန်သွန်းဘုရားကြီးနှင့် နာမည်ကျော် ဇာတ်မင်းသားကြီး ဦးစိန်ကတုံး၏ နိုင်ငံအေး ဗုဒ္ဓရုပ်ပွားတော်ကြီးကိုလည်း ဝင်ရောက် ဖူးမြော်နိုင်ကြောင်း သိရသည်။
နေလင်း(ညောင်တုန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment