Sunday, December 10, 2017
DUNKIRK
ခရစ္စတိုဖာ နိုလန် ရဲ့ လက်ရာ မို့ ဦးဦးဖျားဖျား အားပေး လိုက်တာ တကယ် ထူးခြားတဲ့ စစ်ကားတစ်ကားကို ကြည့်လိုက်ရပါတယ်။ဒုတိယ ကမ္ဘာစစ်ကို အခြေ တည် တဲ့ ရုပ်ရှင် တွေထဲ မှာ အကောင်းဆုံးဇာတ်ကားလို့လဲ ဆိုကြပါတယ်။ဒါကြောင့်လဲ ဒေါ်လာသန်းပေါင်း ၅၉၀ ကျော် ရနေတာပေါ့။
ပြင်သစ်ပြည်ဒန်းကတ် ကနေ စစ် ဆုတ်ခွာ မဲ့ အင်္ဂလိပ်၊ ပြင်သစ် နဲ့ ဘယ်လ်ဂျမ် တပ်သားတွေဟာ သောင်ပြင် မှာ ပိတ်မိနေကြတယ်။ တကယ်ကတော့ ဂျာမနီ ဆင် ထားတဲ့ ခွင်ပါ။ အင်္ဂလန် နန်းရင်းဝန်ကြီး ချာချိလ် က သူ့စစ်သား သုံးသောင်း ပြန်ပါလာရင် တော်ပြီ၊ ရအောင်ကယ် ထုတ်ခဲ့ လို့ အမိန့်ပေးတယ်။
ဂျာမနီ ကလဲ ကြည်း၊ရေ၊လေ ဘက်ပေါင်းစုံ ကနေ တိုက်စစ်ဆင်တော့ သေလိုက် ကြတာ အတုန်းအရုန်းပေါ့။
ဒါပေမဲ့ ချာချီလ် မျှော်လင့်တာထက် ဆယ် ဆ ကျော် ၃သိန်း ၃သောင်း ကိုကယ်ထုတ် နိုင်ခဲ့ပါတယ်။
We shall never give up လို့ ချာချီလ် မိန့်ခွန်းပေးသလို အင်္ဂလိပ် တွေ ဘာကြောင့် စစ် မရှုံးရတာလဲ ဆိုတာ တွေ့ရပါမယ်။
ခရစ်စတိုဖာ နိုလန် ဟာ visual effect ခေါ် တဲ့ ကွန်ပြူတာအထူးပြုလုပ်ချက်တွေ လုံးဝ မလုပ် ပဲ တကဲ့ လူ အစစ် ပေါင်းသောင်း နဲ့ချီ အသုံးပြု ရိုက်ကူးခဲ့ပါတယ်။
ကြည့်ဖူးခဲ့သမျှ စစ်ရုပ်ရှင် ထဲ မှာ စကား အနည်းဆုံး ပြောတဲ့ ဇာတ်ကားပါ။လေသူရဲ ဖယ်ရီယာ ဟာ တစ်ကားလုံးတစ်ခွန်းမှ စကားမပြောပေမဲ့အကောင်းဆုံးသရုပ်ဆောင်သွားပါတယ်။ နောက်ဆုံး အားလုံးကိုကယ်တင်အပြီး သူ့လေယာဉ် ဆီကုန်သွားတော့ သောင်ပြင် ကိုထိုးချ ကိုယ့်လေယာဉ် ကိုယ် မီးရှို့ပြီး ဂျာ မန် တွေ ဖမ်းတာ ခံ ခဲ့ တဲ့ အခန်းကတော့ မျက်ရည် တောင် ဝဲ စေ ခဲ့ပေါ့။
ဒီ ဇာတ်ကားရဲ့ထူးခြားချက် နောက် တစ်ခုက တော့ IMAX 65 mmနဲ့ ရိုက် ကူးထားတာပါ။ ကျွန်တော် တို့အခု ရုပ်ရှင် တွေ ကြည့် နေကြတာ 35 mmပါ။ နှစ်ဆ နီးပါးကွာသလို အရုပ် အရောင် ကြည်လင်ပြတ်သားမှုလဲ နှစိ ဆ မက ကွာပါတယ်။
၂၀၁၈ oscar ဆုပေးပွဲ မှာတော့ အကောင်းဆုံး ဒါရိုက်တာဆု၊ဇာတ်ညွှန်းဆု၊ဓါတ်ပုံဆု နဲ့ original music score ခေါ် မြန်မာလိုနောက်ခံတေးဂီတ ဆု တို့ ရဖို့ တစ်ပြေးနေလေရဲ့။
ဒုတိယ ကမ္ဘာစစ် မှာ နာမည်ကျော်ကြားခဲ့တဲ့ မြန်မာ့မြေပေါ် က အမေရိကန် နဲ့ဂျပန် တို့ရဲ့လေကြောင်းတိုက်ပွဲ flying tigers အကြောင်း ရုပ်ရှင်ရိုက်ဖို့ ကြိမ်ဖန်များစွာ လာရောက် လေ့လာ နေလေရဲ့။လွန်ခဲ့တဲ့ ၂နှစ်ကပဲ ဒါရိုက်တာ ဂျွန် ဝူးတို့ ၊ Taken မင်းသားကြီး လီယန်းနိလ်ဆင် တို့ ရှုခင်းလာကြည့်သွားကြပါသေးတယ်။ တကယ်လို့များflying figers သာ ရိုက်ဖြစ်ခဲ့ရင် မြန်မာဈေးကွက် ဖူးပွင့် လာ လေ ရဲ့ လို့ မရဲ တရဲ မျှော် လင့်နေမိ ပါတယ်။
ဇာဂနာ
DUNKIRK
Reviewed by timeayeyar
on
5:29 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment