Latest News

Wednesday, December 13, 2017

တနင်္သာရီမြို့နယ်၊သံတိုက်ကျေးရွာတွင်WYစိတ်ကြွဆေးပြား(၁၂ဝဝဝ)ပြားနှင့်Click-I ဆိုင်ကယ်တစ်စီးဖမ်းဆီးရမိ

တနင်္သာရီမြို့နယ်၊သံတိုက်ကျေးရွာတွင်WYစိတ်ကြွဆေးပြား(၁၂ဝဝဝ)ပြားနှင့်Click-I ဆိုင်ကယ်တစ်စီးဖမ်းဆီးရမိ


တနင်္သာရီ-ဒီဇင်္ဘာလ(၁၃)ရက်

 တနင်္သာရီမြို့နယ်၊ တကူကျေးရွာရဲကင်းစခန်းတွင် ရဲအုပ်နေလင်းသည် စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ်
မြို့နယ်မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး(MANA)အဖွဲ့-အဖွဲ့ဝင် ဦးထွန်းအောင်မှ WY စိတ်ကြွဆေးပြားများသယ်
ဆောင်လာသူတစ်ဦး ဆိုင်ကယ်အားထားခဲ့ပြီး ထွက်ပြေးသွားကြောင်း ဒီဇင်္ဘာလ၁၃ရက် နံနက်၈နာရီအချိန်က ဖုန်းဖြင့်အကြောင်းကြားလာကြောင်း သိရသည်။
သို့ဖြစ်၍ ရဲအုပ်နေလင်းနှင့်အဖွဲ့သည် သက်သေများဖြစ်သော တကူကျေးရွာမှဦးကျော်ငွေ၊ ဦးကျော်မိုးနိုင် တို့နှင့်အတူ သွားရောက်စစ်ဆေးရာ ဒီဇင်္ဘာ၁၃ရက် နံနက်၇နာရီ၅ဝအချိန်ခန့်က ဇော်ဌေး(၃ဝ)နှစ်၊အဘ(စုံစမ်းဆဲ)၊ ချောင်းကြီးဝကျေးရွာ-ကျွန်းစုမြို့နယ်နေသူသည် Click-I အမျိုးအစားအဖြူရောင်ဆိုင်ကယ်ဖြင့် တကူကျေးရွာအုပ်စု
သံတိုက်ကျေးရွာသို့ရောက်ရှိလာစဉ် (MANA)အဖွဲ့ဝင် ဦးထွန်းအောင်နှင့်ဦးဆန်းဦးတို့မှ သံတိုက်လမ်းသွယ်နေရာ တွင် မသင်္ကာ၍ရပ်တန့်စစ်ဆေးရာ ၄င်းဇော်ဌေးမှ ဆိုင်ကယ်အားထားခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရှိရသည်။
 ထိုနောက်၎င်းဆိုင်ကယ်နှင့်ခြေနင်းခုံတွင်တင်ဆောင်ထားသော မိသားစုတံဆိပ်သံမုန့်ပုံးကို တကူကျေးရွာ
အုပ်စု-အုပ်ချုပ်ရေးမှူးရုံးသို့  သယ်ဆောင်၍ သက်သေများအရှေ့  ဖွင့်ဖောက်စစ်ဆေးရာ  ပလပ်စတစ်အိတ်အပြာ
ရောင် အိတ်ငယ်များဖြင့်ထည့်လျက် တစ်ထုပ်လျှင်WY စိတ်ကြွဆေးပြား(၂ဝဝ)ပြားပါ(၁ဝ)ထုပ်၊  ပလပ်စတစ်အိတ်
ဖယောင်းစက္ကူအဝါနုရောင်ဖြင့် ထုတ်ထားသောWY စိတ်ကြွဆေးပြား တစ်ထုပ်လျှင်(၂ဝဝဝ)ပြားပါ (၅)ထုပ် ပေါင်း
(၁၂ဝဝဝ)ပြား၊ အလေးချိန်(၁၂ဝ)ဂရမ်၊ တစ်ပြားလျှင် ကာလတန်ဘိုး(၅ဝဝဝ)ကျပ်နှုန်းဖြင့်  သိန်း(၆ဝဝ)နှင့် Click-I
အမျိုးအစားအဖြူရောင်ဆိုင်ကယ်(နံပါတ်မပါ) (လိုင်စင်စစ်ဆေးဆဲ)အား  အသိသက်သေများအရှေ့ ရှာဖွေပုံစံဖြင့်
ရဲအုပ်နေလင်းမှ သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 သို့ဖြစ်၍ မူးယစ်ဆေးဝါးအားရောင်းချဖြန့်ဖြူးရန် သယ်ဆောင်လာသူ ဇော်ဌေး(၃ဝ)နှစ်ခန့်
အား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်နေလင်းမှတရားလိုပြုတိုင်တန်းပြီး တနင်္သာရီမြို့မရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး ရဲအုပ်နေလင်း
မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲစခန်းမှသတင်းရရှိသည်။
    နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

No comments:

Post a Comment