Latest News

Wednesday, December 13, 2017

ညောင်လေးပင်မြို့၌ငွေကျပ်သိန်း(၂၀) ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား(၄၄၅)ပြားဖမ်းဆီးရမိ

ညောင်လေးပင်မြို့၌ငွေကျပ်သိန်း(၂၀) ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား(၄၄၅)ပြားဖမ်းဆီးရမိ

     ညောင်လေးပင်  ဒီဇင်ဘာ  ၁၂
ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့ ၊ မြို့ မ(၃) ရပ်ကွက်၊ စာတိုက်လမ်း၌ဒီဇင်ဘာလ ၁၂ ရက် ညနေ ၅နာရီခွဲ အချိန်ခန့် ကငွေကျပ် သိန်း ၂၀ ကျော်တန်ဘိုးရှိစိတ်ကြွရှူးသွပ်ဆေးပြား(၄၄၅) ပြားကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်၊
          ဖြစ်စဉ်မှာ ညောင်လေးပင်မြို ၊ မြို့ မ(၃)
ရပ်ကွက် စာတိုက်လမ်းရှိနယ်သစ်ဦးစားသောက်ဆိုင်တွင် မူးယစ်ဆေးဝါးသတင်းအရမူးယစ်တပ်ဖွဲစု(၃၆)မှတပ်ဖွဲ ဝင်များနှင့်ညောင်လေးပင်မြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည်သ က်သေများနှင့်အတူမူးယစ်ဆေးဝါးဖမ်းဆီးခွင့်ဝရမ်းဖြင့်ဝင်ရောက်ရှာဖွေခဲ့ရာပဲခူးမြို့ဥဿမြို့သစ်နေသူ သက်နိင်ဌေး (ခ)လင်းလင်း ဆိုသူ မှဆိုင်အတွင်းထိုင်ခုံတွင်ဝင်ရောက်ထိုင်နေစဉ်၎င်း၏ ဝဲဘက်လက်ထဲတွင်ကိုင်ဆောင်ထားသည့် RED RUBY တံဆိပ်ပါအနီရောင်ဆေးလိပ်ဗူးခွံအတွင်းမှပလပ်စတစ်အိတ်ဖြင့်ထည့်ထားသည့် WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ( ၅၂ ) ပြား ပါ (၁ )ထုပ် ကမ္ဘာလုံးတံဆိပ်ပါပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် 88/1စာတမ်းပါနီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား( ၂၀၀) ပြားပါ( ၁) ထုပ် ( ၁၉၃ ) ပြားပါ( ၁) ထုပ် စုစုပေါင်းဆေးပြား( ၄၄၅ ) ပြားအလေးချိန်(၄၄.၅)ဂရမ်ခန့် နှင့်အိုက် စ်ဟု ယူဆရသောအဖြူရောင်ပုံဆောင်ခဲမက်သာအဖက်ဖီတမင်းအလေးချိန်( ၀.၅ ) ဂရမ်ခန့်ပါ ( ၁) ထုပ် နှင့်ဆင်းကဒ်နှစ်ခုပါ ဖုန်းတစ်လုံးတို့ အားယာဘက်
လက်အတွင်းမှရှာဖွေတွေ့ ရှိသဖြင့်သက်သေများရှေ့ တွင်သိမ်းဆည်းရမ်ခဲ့
သည်၊
        သို့ ပါ၍မူးယစ်ဆေးဝါးလက်ဝယ်တွေ့ ရှိ
သူသက်နိင်ဌေး(ခ)လင်းလင်း အားညောင်လေ
းပင်မြို့ မရဲစခန်းမှ အမှု့ ဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
                နေလင်း(ညောင်လေးပင်)

No comments:

Post a Comment