Latest News

Wednesday, December 13, 2017

ဗန်းမော်မြို့ တွင်ဆိုင်​ကယ်​​လေစစ်​ ဗူးအတွင်း ၌ မူးယစ်​​ဆေးဝါးများဖမ်းဆီးရ မိ

ဗန်းမော်မြို့ တွင်ဆိုင်​ကယ်​​လေစစ်​ ဗူးအတွင်း ၌ မူးယစ်​​ဆေးဝါးများဖမ်းဆီးရ မိ

     ကချင်​ပြည်​နယ်​၊ဗန်း​မော်​မြို့နယ်​တွင်​ ဆိုင်​ကယ်​​လေစစ်​ဗူးတွင်း ၌ သိုဝှက်​သယ်ဆောင်​လာသည့်​ မူးယစ်​​ဆေးဝါး များ ရှာ​ဖွေ​ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်​။

    မူးယစ်​​ဆေးဝါးတားဆီးနှိမ်​နင်း​ရေးရဲတပ်​ဖွဲ့၊တပ်​ဖွဲ့စု(၁)ဗန်း​မော်​မှရဲအုပ်​ချမ်းလင်း​အောင်​နှင့်​အဖွဲ့၊ ဧရာဦးစစ်​ဆင်​​ရေးမှ ရဲအုပ်​​အောင်စိုးမိုးနှင့်​အဖွဲ့ ။မန်ရွတ်ကျးရွာ  မူးယစ်ဆေးဝါး ရှာဖွေ ဖမ်းဆီး
ရေးအဖွဲ့ ခေါင်ဆောင်  ဦးဥာဏ်ဝးင်းတို့ သည်
 ဒီဇင်​ဘာ ၁၂ ရက်​ ည​နေ ၄ နာရီခန့်​ကမံရွတ်
တံတား ၌ မူးယစ်ဆေးဝါးရှာဖွေ​နေစဉ်​ ဗန်း​မော်​မြို့ဘက်​သို့ ​ဇော်​ကိုမင်း ဆိုသူ​မောင်းနှင်​ပြီး ​ကျော်​ဇင်​လိုက်​ပါလာသည့်​ ရင်​ဇင်း-၁၂၅ ခဲနက်​​ရောင်​ဆိုင်​ကယ်​အား ရပ်​တန့်​စစ်​​ဆေးခဲ့ရာ ၎င်းဆိုင်​ကယ်​​လေစစ်​ဗူးအတွင်း၌ သိုဝှက်​ သယ်​​ဆောင်​လာ​သော
ဘိန်းဖြူမှုန့်​အ​လေးချိန်​(၁၀)ဂရမ်​ပါ အဖြူ​ရောင်
ပလတ်​စတစ်​ထုပ်​(၁)ထုပ်​နှင့်​ ​ကျော်​ဇင်​ ဝတ်​ဆင်​ထားသည့်​ အတွင်းခံ​ဘောင်းဘီအတွင်းမှ ဘိန်းဖြူမှုန့်​အ​လေးချိန်​(၀ ဒသမ ၀၁)ဂရမ်​ပါအဖြူ​ရောင်​​ကော်​ဗူး(၁)ဗူး၊ စုစု​ပေါင်းဘိန်းဖြူမှုန့်​အ​လေးချိန်​(၁၀ ဒ
သမ ၀၁)ဂရမ်တို့ ကို​ ​ရှာ​ဖွေ​တွေ့ရှိခဲ့ကြသည်။
    ဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ ဗန်း​မော်​မြို့နယ်​၊ ခိုကျင်​ကျေးရွာ​နေထိုင်သူ​ဇော်​ကိုမင်း(ခ)သား​ဇော်​(၂၃)နှစ်​နှင့်​ ​ကျော်​ဇင်​(၂၅)နှစ်​တို့အား ဗန်း​မော်​မြို့မရဲစခန်းက အမှုဖွင့်​ကာ အမှုစစ်​ဒုရဲအုပ်​လွမ်းနိုင်​ကစစ်​​ဆေး အရေးယူ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။
                                 ဆီမီးခုံ-နန်းရီ

No comments:

Post a Comment