Sunday, December 24, 2017
ပြင်သစ် ရုပ်ရှင် Two is a family
ပြင်သစ် ရုပ်ရှင် Two is a family ကို ကြည့်ဖြစ်လိုက်တယ်။ သရုပ်ဆောင်တွေကိုရော၊ဒါရိုက်တာ ကိုပါ
တစ်ယောက် မှ မသိပါဘူး။ဒါကြောင့်လဲ ကြည့်ဖြစ်ခဲ့တာပေါ့။အ ဒမ် ဆင်းန်ဒလား ရဲ့ Big Daddy လို ကားမျိုး ပါပဲ။
ဆမ် က လူမည်း၊ကြုံရာ လုပ်တာ၊ ကမ်းခြေ အစောင့်၊သဘောင်္ လုံခြုံရေး၊ စားသောက် ဆိုင် အကူဝန်ထမ်း။တစ်ခါ ပိုက်ဆံ ရှိတဲ့အမျိုးသမီးတွေ နဲ့ အတူ အိပ်ပေးရတဲ့ အခစား။
တစ်ရက် မှာ သူ နေနေတှဲ့ဧဧ ကမ်းခြေ မှာ ဆမ် ဟာ ခရစ္စတင်း နဲ့ တူတူ အိပ်ခဲ့ဖူးလေတယ်။ ခရစ္စတင်း ရဲ့ လက်ပေါ် မှာ ကလေးတစ်ယောက်ပါလာတယ်။ ဆမ် ရဲ့လက်ထဲကို ကလေး ခဏ အပ်ထားပြီး တက္ကစီ ငှားခ ပေးဖို့ ပြန်သွားလေရဲ့။တကယ်ကားခ ပေးတာ မဟုတ်ဘူး။ ကလေး ကို ဆမ် ရဲ့ လက် ထဲ ထားခဲ့ ပြီး ပြန် ပြေး တာပါ။
ဘာပဲ ဖြစ် ဖြစ် ဆမ် ရဲ့ လက်ထဲ ကလေးတစ်ယောက် ကျန်ခဲ့ပြီပေါ့။ဒီ ကလေး ကို ခက်ခက်ခဲ ခဲ ကျွေးမွေးစောင့်ရှောက်ရတယ်။ ဆမ်ရဲ့ သူငယ်
်းချင်းရုပ်ရှင် ထုတ်လုပ်သူက သူ့ကို အကြံတွေပေးတယ်။ရုပ်ရှင် မှာ စတန့်ခန်း၊ လူစားထိုးခန်း၊ ဖြတ်လျောက်ခန်းတွေ ဝင်ရိုက်ဖို့ပေါ့။ ကလေးတစ်ယောက်ကို လူလားမြောက်အောင် ပြုစု ပျိုးထောင်ရတယ် ဆိုတာလွယ် တယ် မှတ်လို့။
ဒီ လို နဲ့ သမီးလေး ဂ လိုရီယာ ၈ နှစ် သမီးဖြစ်လာခဲ့တယ်။ အင်တာနက် ကနေ တစ်ဆင့် တွစ်တာထဲ မှာ ဂလိုရီယာ ရဲ့အမေ အရင်း ခရစ်စတင် နဲ့ အဆက်အသွယ် ရခဲ့တယ်။ ဂလိုရီယာကို ခရစ်စတင်း က လာ တွေ့မယ် ဆိုပဲ။
ဆမ် က ရုပ်ရှင် အလုပ်နဲ့ အဆင်ပြေနေပြီ။သမီးလေး ဂလိုရီယာ လဲ ကျောင်းမှာပျော်မွေ့နေပြီ။ဂလိုရီယာ လေးကို တွေ့ပြီးတဲ့အခါ ခရစ်စတင်း က သမီး ပြန် လည် ရ ယူ လို မှု နဲ့ တရားရုံးကနေ တောင်းဆိုလိုက်တဲ့အခါမှာတော့ ၊
မထင်မှတ် တဲ့ဇာတ် သိမ်း၊ ဇာတ် အချိုး အကွေ့ တို့က ပရိသတ် ရင်ကို ထိခိုက်စေပါတယ်။တစ်ခါမှ မကြည့်ခဲ့ဖူးတဲ့ ဆမ် ရဲ့ သရုပ်ဆောင် မှုတွေက ရယ် စရာ ၊ပျော်စရာ ကနေ ငို ကြွေးချင်စရာ ကောင်းလို့နေပြန်ပါတယ်။ဒီလို ဇာတ်လမ်းမျိုးတွေ မကြာခဏ ကြည့်ခဲ့ဖူးပေမဲ့ ဇာတ် လမ်း လှည့်ကွက် လေးတွေ ရဲ့ဖမ်းစား မှုတွေကြောင့် အသက်ဝင်လာခဲ့တာပါ။
မိသားစု ဆိုတာ အနည်းဆုံး သုံးယောက်ရှိရမှာပါ။ ခုတော့ နှစ်ယောက်ထဲ နဲ့ မိသားတစ်စု ဖြစ် မယ် တဲ့လား။ ဖြစ် တယ် မဖြစ်ဖူး ဆိုတာကို ကိုယ် တိုင် ခံ စား ကြည့်လိုက်ပါ။
ဇာဂနာ
ပြင်သစ် ရုပ်ရှင် Two is a family
Reviewed by timeayeyar
on
11:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment