Latest News

Sunday, December 24, 2017

ကမ္ဘာ့ကုလသမဂ္ဂက စီးပွားရေး အရေးယူပိတ်ဆို့ခြင်းမှာ " စစ်ပြုသည့်အပြုအမူ " ဖြစ်ကြောင်းမြောက်ကိုရီးယားပြောဆို

ကမ္ဘာ့ကုလသမဂ္ဂက စီးပွားရေး အရေးယူပိတ်ဆို့ခြင်းမှာ " စစ်ပြုသည့်အပြုအမူ " ဖြစ်ကြောင်းမြောက်ကိုရီးယားပြောဆို

ကမ္ဘာ့ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံအား စီးပွားရေး အရေးယူပိတ်ဆို့ခြင်းမှာ " စစ်ပြုသည့်အပြုအမူ " ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ကြေညာချက်ထုတ်ပြန်လိုက်သည်။

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် အသစ်ထပ်မံပြဌာန်းသည့် စီးပွားရေးပိတ်ဆို့အ ရေးယူမှု့တွင် ၄င်းနိုင်ငံသို့တင်သွင်းသည့် ရေနံစိမ်၊ ရေနံထွက်ပစ္စည်းများအပြင် ပြည်ပရောက် မြောက်ကိုရီးယားနိုင်ငံသားတို့က ပြန်လည်ပေးပို့သည့်ငွေကြေးတို့အား တားမြစ်ခြင်းလည်းပါဝင်သည်။

ကုလသမဂ္ဂ၏ အရေးယူမှု့သတင်းထွက်ပေါ်လာခြင်းကြောင့် မြောက်ကိုရီးယားတွင် ရေနံထွက်ကုန်ပစ္စည်းများ ဈေးနှုန်း ၉၀ ရာနှုန်းကျော်မြင့်တက်မှု့ဖြစ်ပေါ်စေနိုင် သည်။

Htay Oung

No comments:

Post a Comment