နေပြည်တော် ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက် မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ ညောင် ကားယားကျေးရွာအနီး SSA (ရွက်ဆစ်)အဖွဲ့က ရပ်စောက်-နောင်ချိုသွားကားလမ်းပေါ်၌ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ တရားမ၀င် သစ်လုပ်ငန်းဆောင်ရွက်နေသူများနှင့် ကျေးရွာများထံမှ ဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများဆောင် ရွက်နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် အဆိုပါနေရာ နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ ရှင်းလင်းဆောင်ရွက်စဉ် ဒီဇင်ဘာ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် ကျောက်ဂူကျေးရွာ၏မြောက်ဘက် ၃ မိုင်ခန့်အကွာ နေရာ၌ SSA (ရွက်ဆစ်)အဖွဲ့မှ ချင်းပအောင် ဦးစီးအဖွဲ့ဝင်ခြောက်ဦးအား ပစ္စတိုတစ်လက်၊ Type-56-1 သေနတ်နှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ၇ ဒသမ ၆၂ ကျည် ၁၀၀ တောင့်၊ SSA Army အမှတ်တံဆိပ်ပါ ယူနီဖောင်းနှင့် အခြားဆက်စပ်ပစ္စည်းများ၊ွ RCSS အမှတ် တံဆိပ်ပါ ဆက်ကြေးကောက်ခံသည့် ငွေလက်ငင်းဖြတ်ပိုင်းစာအုပ်နှစ်အုပ်၊ Laptop ကွန် ပျူတာနှစ်လုံး၊ ကင်မရာတစ်လုံး၊ မှတ်ပုံတင် နှင့် ကျောင်းသားကတ်များ၊ လက်ကိုင်ဖုန်း လေးလုံး၊ ငွေစက္ကူရောရာ ငွေကျပ်သိန်း ၁၆၀ ကျော်၊ ငွေရေတွက်စက်တစ်လုံး၊ ငွေစုစာအုပ်နှစ်အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ရပ်စောက်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်ခဲ့ပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment