Latest News

Wednesday, December 27, 2017

ကြက်တိုက်သူများကိုရဲတပ်ဖွဲ့ ဖမ်းဆီး

ကြက်တိုက်သူများကိုရဲတပ်ဖွဲ့ ဖမ်းဆီး

သားဗိုလ် မွန်ပြည်နယ်၊ပေါင်မြို့ နယ်၊ကော့က ရင်ကျေးရွာတွင်လောင်းကစားပြုလုပ်နေ သောကြက်ဝိုင်းအားဒီဇင်ဘာ၂၅ရက်ညနေပိုင်းကရဲတပ်ဖွဲ့ မှသွားရောက်ဖမ်းဆီးရာမှကြက်တိုက်လောင်းကစားပြုလုပ်သူအမျိုးသား၅ဦးကိုသက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟုပေါင်မြို့ မရဲစခန်းမှရဲအရာရှိကပြောသည်။

 "ကော့ကရင်ရွာထဲမှလူ၅၀လောက်နဲ့ ကြက်ဝိုင်းပြုလုပ်နေတဲ့ သတင်းအရသက်သေတွေနဲ့ သွားဖမ်းတော့ထွက်ပြေးကြတာလူ၅ဦးကိုဘဲတိုက်ကြက်တွေနဲ့ အတူ လက်ရဖမ်းဆီးရမိခဲ့ပါတယ်၊ထွက်ပြေး သွားတဲ့ လူတွေကျန်သွားတဲ့ ဆိုင်ကယ် ၆စီးနဲ့ စက်ဘီး၂စီးကိုလည်းသိမ်းဆည်း ထားပါတယ်"ဟု၎င်းကပြောသည်။

ကော့ကရင်ကျေးရွာ၊ရွာလယ်လမ်းမ ဘေးမြေကွက်လပ်ပေါ်တွင်လူ၅၀ဦးခန့် ဝိုင်းဖွဲ့းတိုက်လောင်းကစားပြုလုပ် နေကြောင်းသတင်းအရရဲတပ်ဖွဲ့ ဝင်များမှ သက်သေများနှင့်အတူသွားရောက်ဖမ်းဆီးရာလူငါးဦးအား တိုက်ကြက်အထီး၃ကောင်၊လောင်းကစားပြုလုပ်သည့်ငွေကျပ်၃၃၈၀၀ိ/-၊ကြက်တိုက်ရာတွင်အသုံးပြုသောဆက်စပ် ပစ္စည်းများ၊ဆိုင်ကယ်၅စီး၊စက်ဘီး၂စီးတို့ နှင့်အတူတွေ့ ရှိဖမ်းဆီးရမိခဲ့ ပြီးကျန်လူများထွက်ပြေးလွတ်မြောက်သွားကာအဆိုပါအမျိုးသား၅ဦးအားလောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့်အမှုဖွင့်အရေးယူထားသည်ဟုပေါင်မြို့ မရဲစခန်းမှသိရ သည်။

ဟံသာနွန်

No comments:

Post a Comment