Latest News

Thursday, December 7, 2017

ရဲတပ္ဖဲြ႕၀င္မ်ားအား ဓားမျဖင့္ ျပန္လည္ရန္ျပဳခုခံသူအား Pump Actionေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး

ရဲတပ္ဖဲြ႕၀င္မ်ားအား ဓားမျဖင့္ ျပန္လည္ရန္ျပဳခုခံသူအား Pump Actionေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး

ရန္ကုန္၊ ဒီဇင္ဘာ ၇

ဒီဇင္ဘာ ၆ ရက္ေန႔ ည ၁၁နာရီခဲြအခ်ိန္တြင္ ေရႊျပည္သာၿမိဳ႕နယ္၊
ေလွာ္ကားနယ္ေျမရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားသည္ လွည့္ကင္း
တာ၀န္ေဆာင္ရြက္ေနစဥ္ (တ/၁၅)ရပ္ကြက္၊ ပန္းၿခံ(၆)၊ သဇင္လမ္းတြင္ အမ်ိဳးသားတစ္ဦးမွ အရက္ေသစာေသာက္စားမူးယစ္ၿပီး ဓားမကိုင္ေဆာင္၍ဖခင္ျဖစ္သူအား ရန္ျပဳေနေၾကာင္း သတင္းအရ
သြားေရာက္စစ္ေဆးခဲ့ပါသည္။

ထိုသို႔ စစ္ေဆးေဆာင္ရြက္ခဲ့ရာ အဆိုပါေနရာ၌ ႏိုင္လင္းၿဖိဳး၊ (၂၂)ႏွစ္ကို အရိုးအသြား ၂၀ လက္မခန္႔ရွိ ဓားမတစ္ေခ်ာင္းအား ကိုင္ေဆာင္လ်က္ေတြ႕ရွိရၿပီး ၎ဓားမျဖင့္ ရဲတပ္ဖဲြ႕၀င္မ်ားအား ျပန္လည္ရန္ျပဳခုခံသျဖင့္ ရဲတပ္ဖဲြ႕၀င္မ်ား၏ အသက္အႏၱရာယ္စိုးရိမ္ရမႈေၾကာင့္ Pump Action ၁၂ ဘို႔ေျပာင္းေခ်ာေသနတ္ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ခဲ့ေသာ္လည္း ၎မွာတပ္ဖဲြ႕၀င္မ်ားဆီသို႔ ဓားမျဖင့္ေျပး၀င္ခုတ္ရန္ ရန္ျပဳခဲ့သျဖင့္  ပစ္ခတ္ဖမ္းဆီးခဲ့ရာ ႏိုင္လင္းၿဖိဳးတြင္ ၀မ္းဗိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး
အင္းစိန္ေဆးရံုသို႔ ပို႔အပ္ကာ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း
သိရသည္။

ယင္းသို႔ ရဲတပ္ဖဲြ႕၀င္မ်ားအား အသက္အႏၱရာယ္စိုးရိမ္ရေလာက္ေအာင္ျပန္လည္ရန္ျပဳသူ ႏိုင္လင္းၿဖိဳးအား ေလွာ္ကားနယ္ေျမရဲစခန္း (ပ)၁၁၀၀/ ၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၃/၃၀၇ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းသတင္းရရွိသည္။

Yangon Police


(Unicode)

ရဲတပ်ဖွဲ့ဝင်များအား ဓားမဖြင့် ပြန်လည်ရန်ပြုခုခံသူအား Pump Action
သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန်ကုန်၊ ဒီဇင်ဘာ ၇ဒီဇင်ဘာ ၆ ရက်နေ့ ည ၁၁နာရီခွဲအချိန်တွင် ရွှေပြည်သာမြို့နယ်၊
လှော်ကားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း
တာဝန်ဆောင်ရွက်နေစဉ် (တ/၁၅)ရပ်ကွက်၊ ပန်းခြံ(၆)၊ သဇင်လမ်းတွင်
အမျိုးသားတစ်ဦးမှ အရက်သေစာသောက်စားမူးယစ်ပြီး ဓားမ
ကိုင်ဆောင်၍ဖခင်ဖြစ်သူအား ရန်ပြုနေကြောင်း သတင်းအရ
သွားရောက်စစ်ဆေးခဲ့ပါသည်။ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါနေရာ၌ နိုင်လင်းဖြိုး၊ (၂၂)နှစ်ကို
အရိုးအသွား ၂၀ လက်မခန့်ရှိ ဓားမတစ်ချောင်းအား ကိုင်ဆောင်လျက်
တွေ့ရှိရပြီး ၎င်းဓားမဖြင့် ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုခုခံသဖြင့်
ရဲတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ်စိုးရိမ်ရမှုကြောင့် Pump Action
၁၂ ဘို့ပြောင်းချောသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း
၎င်းမှာတပ်ဖွဲ့ဝင်များဆီသို့ ဓားမဖြင့်ပြေးဝင်ခုတ်ရန် ရန်ပြုခဲ့သဖြင့်
ပစ်ခတ်ဖမ်းဆီးခဲ့ရာ နိုင်လင်းဖြိုးတွင် ဝမ်းဗိုက်ဒဏ်ရာများရရှိခဲ့ပြီး
အင်းစိန်ဆေးရုံသို့ ပို့အပ်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း
သိရသည်။ယင်းသို့ ရဲတပ်ဖွဲ့ဝင်များအား အသက်အန္တရာယ်စိုးရိမ်ရလောက်အောင်
ပြန်လည်ရန်ပြုသူ နိုင်လင်းဖြိုးအား လှော်ကားနယ်မြေရဲစခန်း (ပ)၁၁၀ဝ/
၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၀၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment