စစ်တကောင်းဒေသတွင် ယိုလိမ်ညာများ အခြေမချနိုင်ရန် နှင့် ချဉ်းနင်းဝင်ရောက်လာခြင်းမှ ကြည့်ရှု့စောင့်ကြပ်မည် ဘင်္ဂလားဒေ့ရှ်အစိုးရအ မိန့်ထုတ်
ဂေဟဗေဒ နှင့် လူမှု့စီးပွားစံနစ်သိမ်မွေ့မှု့အရ စစ်တကောင်းတောင်တန်းဒေသ အရှေ့တောင်ဖက်ခရိုင် ၃-ခု တွင် ယိုလိမ်ညာတို့၏ ယာယီတဲစခန်းများ တည်ဆောက်/ထူထောင်ခြင်းကို တားမြစ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုံးဖြတ်လိုက်ကြောင်းဖြင့် ဘင်္ဂလားအခြေစိုက် Daily Star သတင်းစာက ယနေ့ရေးသားဖော်ပြသည်။
ဒီဇင်ဘာ ၁၁-ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတကာတောင်တန်းများနေ့ အကြိုအခန်းအနားတွင် စစ်တ ကောင်းတောင်တန်းရေးရာဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးက ယမန်နေ့ပြောကြားရာ၌ ယိုလိမ်ညာတို့အ လုံးအရင်းဖြင့်ဝင်ရောက်လာသည့်အတွက် စစ်တကောင်းတောင်တန်းဒေသအား ကယ်တင်စောင့်ရှောက်ရန် အလို့ငှာ ချာကရာချာရီ၊ ရန်ဂါမတီ နှင့် ဘန်ဒါဘန်ခရိုင် ၃-ခုတွင် တားမြစ်မိန့်ထုတ်ပြန်ရန် ဘင်္ဂလားဒေ့ရှ်အစိုး ရက ရိုးသားစွာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ရာသီဥတုပြောင်းလဲခြင်းနှင့် စားကျက်ပြောင်းရွှေ့ခြင်းတို့တွင် စိုးရိမ်ဖွယ်အန္တရာယ်ကျရောက်နေခိုက် စီးပွား ရေးဖွံ့ဖြိုးမှု့နောက်ကျသော တောင်တန်းဒေသအား ယိုလိမ်ညာတို့ဝင်ရောက်လာခြင်းမှ ကြည့်ရှု့စောင့်ကြပ်ရန်လိုအပ်သည်ဟုယူဆကြောင်း စစ်တကောင်းတောင်တန်းရေးရာဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး ကမဲအူဒင်တယ်လပ်ဒါက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရာသီဥတု၊ ငတ်မွတ်ခေါင်းပါးခြင်း၊ စားကျက်ပြောင်းရွှေ့ခြင်းနှင့် တောင်တန်းဒေသအား အကျိုးဆက်သက် ရောက်ခြင်းမှ ခံနိုင်ရည်ဆိုင်ရာကို လေ့လာကြမည်ဖြစ်သည်။ ရှီပါကာလာအကယ်ဒမီက ကြီးမှုးသည့် အဆိုပါအစီအစဉ်ကို ဒီဇင်ဘာ ၇-ရက်မှ ၁-ရက်နေ့ထိ မြို့တော်ဒက္ကာတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ တောင်တန်းနေထိုင်သူများ၏ လူနေမှု့ဘ၀၊ ယဉ်ကျေးမှု့၊ သမိုင်းနှင့် ရိုးရာဓလေ့တို့အား ခင်းကျင်းပြသမည်ဖြစ်သည်။
Ref; Daily Star
Htay Oung
Thursday, December 7, 2017
စစ်တကောင်းဒေသတွင် ယိုလိမ်ညာများ အခြေမချနိုင်ရန် နှင့် ချဉ်းနင်းဝင်ရောက်လာခြင်းမှ ကြည့်ရှု့စောင့်ကြပ်မည် ဘင်္ဂလားဒေ့ရှ်အစိုးရအ မိန့်ထုတ်
စစ်တကောင်းဒေသတွင် ယိုလိမ်ညာများ အခြေမချနိုင်ရန် နှင့် ချဉ်းနင်းဝင်ရောက်လာခြင်းမှ ကြည့်ရှု့စောင့်ကြပ်မည် ဘင်္ဂလားဒေ့ရှ်အစိုးရအ မိန့်ထုတ်
Reviewed by Ar Ti
on
5:08 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment