Latest News

Friday, December 22, 2017

ဂင်မ် ဂျုံ ဟယောင်း (Kim Jong-hyun ) ဆိုတဲ့ နာမည်ကြီး အဆိုတော်လေးအသက် ၂၇ နှစ်အရွယ်မှာ မိမိကိုယ်ကိုမိမိ သတ်သေ


Kim Jong-hyun, lead singer of South Korean K-pop boy band Shinee, dies
ဒီဇင်ဘာလ ၁၈ ရက် ၂၀၁၇
ညနေ ၆ နာရီ ၁၀ မိနစ်
ချုံးဒမ်းရပ်ကွက်- ဂန်နမ်းမြို့နယ်
(Cheongdam-dong, Gangnam District )
ဧပြီလ ၈ ရက် ၁၉၉၀ မှာ မွေးဖွားခဲ့တဲ့ ဂင်မ် ဂျုံ ဟယောင်း (Kim Jong-hyun ) ဆိုတဲ့ နာမည်ကြီး အဆိုတော်လေး...။
စိတ်ပူနေတဲ့ အစ်မဖြစ်သူက အမြန်ဆုံးလာပေမယ့် သူတစ်ယောက်ထဲ အိမ်ထဲမှာ သတိမေ့ လဲကျနေပြီ...။
ဂွန်းဂေါ့ခ် ဆေးရုံ ( Konkuk University Hospital) အမြန်တင်ကြပေမယ့် အသက်မမှီတော့ပါဘူး။
Jong-hyun ဟာ Boy Group Shinee ထဲကအဖွဲ့ဝင် တစ်ယောက်ဖြစ်ပါတယ်။
S.M. Entertainment's project group နဲ့ S.M. The Ballad ထဲမှာလဲ ပါဝင်ခဲ့သူဖြစ်ပါတယ်။
Jong-hyun ကျောက်မီးသွေးကထွက်တဲ့ အဆိတ်ငွေ့တစ်မျိုးကိုရူပြီး မိမိကိုယ်ကိုမိမိသတ်သေတယ်လို့ သတင်းထဲမှာကြေငြာသွားပါတယ်။
Jong-hyun တစ်ယောက် အသက် ၂၇ နှစ်အရွယ်မှာ မိမိကိုယ်ကိုမိမိ သတ်သေသွားပါပြီ...။
****************************************
ဒီဇင်ဘာလ ၁၈ ရက် ၂၀၁၇
ညနေ ၄ နာရီ ၄၂ မိနစ်
သူဟာ အစ်မဖြစ်သူကို ဖုန်းမက်ဆေ့ခ်ျတွေ ဆက်တိုက်ပို့ခဲ့တယ်..။
"ကျွန်တော် အခုအချိန်အထိ ပင်ပန်းနေတုန်း"
"ကျွန်တော် ပင်ပန်းတာကို ပြောပြပေးနော်.."
စသည်ဖြင့်...။
****************************************
ဆိုးလ်အန်ဆန်း ဆေးရုံမှာ အခန်း ၂၀ မှာ သူ့အလောင်းကို သွားရောက်နှုတ်ဆက်နိုင်ပါတယ်။
(서울 송파구 서울아산병원 장례식장 20호실)
၂၁ ရက်နေ့ အသုဘချဘို့ စီစဉ်ထားကြပါတယ်။
****************************************
အောက်ကဓာတ်ပုံကတော့ သူမသေဆုံးခင် စတိုးဆိုင်မှာ ဆေးလိပ်တစ်ဗူးဝင်ဝယ်တဲ့ သူ့ရဲ့နောက်ဆုံးပုံလေး ရှိနေတဲ့ CCTV ပါ..။
"သူဟာ တခုခုကြောင့် အရင်လိုနေပုံရတယ်"..လို့ ဈေးဆိုင်မှ ပြောကြားခဲ့ပါတယ်။
မရွှေမိုး (ကိုရီးယား)
December 20, 2017.




No comments:

Post a Comment