Latest News

Friday, December 22, 2017

မူဆယ်မြို့၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု

မူဆယ်မြို့၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၀၈၃၀ အချိန်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ရှိ မြို့မအပေါင်ဆိုင်(၃)ရှေ့သို့ YGN-7H/ ××××၊ Toyota Crown ယာဉ်ဖြင့် အမျိုးသား ၃ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေးပေါက်နေသဖြင့် အပေါင်ဆိုင်အစောင့်တာဝန်ကျ ရန်ရင်ချန်း၊ (၂၀)နှစ်မှ အပေါင်ဆိုင်ရှေ့တွင် သေးမပေါက်ရန်တားမြစ်ရာသောကြောင့် စကားများပြီး ၎င်းတို့ ၃ ဦးမှာ ပြန်လည်ထွက်ခွာသွားရာမှ ၁၀၃၀ အချိန်၌ ဆိုင်ကယ်ဖြင့် ထပ်မံရောက်ရှိလာပြီး ရန်ရင်ချန်းနှင့် အပေါင်ဆိုင်အစောင့်ဖြစ်သူ အိုက်အောင်၊ (၁၈)နှစ် တို့ ၂ ဦးအား သေနတ်အတို ဖြင့် ပစ်ခတ်ကာထွက်ပြေးသွားခဲ့ပါသည်၊၊

အဆိုပါပစ်ခတ်မှုကြောင့် ရန်ရင်ချန်း၏ ဝဲ/ယာ ချိုင်းအောက်တွင် သေနတ်ဒဏ်ရာ ၂ ချက်၊ ဝဲလက်မောင်းသေနတ်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)နှင့် အိုက်အောင်တွင် ယာပေါင်သေနတ် ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ပြီး ၁၀၄၅ အချိန်တွင် ရန်ရင်ချန် သေဆုံးသွားခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ သူ အမျိုးသား ၃ ဦး(ဖမ်းမမိ)အား ၁၄၂၅ အချိန်တွင် မူဆယ်မြို့မရဲစခန်းမှ (ပ)၅၀၁/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄(လူသတ်မှု/ လူသတ်ရန်အားထုတ်မှု/ အားပေးကူညီမှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ရာ ၁၇၃၀ အချိန်တွင် ပြစ်မှု ကျူးလွန်ခဲ့သူများအနက် မျိုးအောင်၊ (၃၄)နှစ် အား YGN-7H/ ××××၊ Toyota Crown ယာဉ်နှင့်အတူ မူဆယ်မြို့၊ တောင်ရပ်ကွက်အတွင်းမှ ဖမ်းဆီးရမိခဲ့ပါ သည်။

၎င်းအားစစ်ဆေးရာ ကျန်ပြစ်မှုကျူးလွန်သူ ၂ ဦးသည် မန်းကျော်ဟိန်းနှင့် အားဟုပ်တို့ ဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးနိုင်ရေး စုံစမ်းလျက်ပါသည်။ အခင်းဖြစ်ရပ်ရှိ CCTV မှတ်တမ်းအရ ပြစ်မှုကျူးလွန်သူများထွက်ပြေးစဉ် ပစ္စတိုသေနတ် ၁ လက် ပြုတ်ကျကျန်ခဲ့ကြောင်းနှင့် အပေါင်ဆိုင် မန်နေဂျာ ထွေးမြင့်၊ (၂၅)နှစ်သည် အခင်းဖြစ်နေရာမှ တွေ့ရှိခဲ့သည့် Glock အမျိုးအစား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁ တောင့်၊ ၎င်း ကျည်ခွံ ၇ ခုတို့အား မူဆယ်မြို့မ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

Ref; Ministry of Home Affairs, Myanmar

No comments:

Post a Comment