Latest News

Thursday, December 21, 2017

ချောင်းသာကမ်းခြေ၌ ပုဂ္ဂလိကမီးပေးရေးစက်များ တည်ထောင်ရန် စီစဉ်

ချောင်းသာကမ်းခြေ၌ ပုဂ္ဂလိကမီးပေးရေးစက်များ တည်ထောင်ရန် စီစဉ်

ပုသိမ်  ဒီဇင်ဘာ  ၂ဝ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ၌ လျှပ်စစ်မီးရရှိရေး မီးပေးစက်များ တည်ထောင်ရန် စီစဉ်လျက်ရှိပြီး  ၂ဝ၁၈  ခုနှစ် နှစ်ကုန်ပိုင်းတွင်  စတင်နိုင်မည်ဖြစ်ကြောင်း ချောင်းသာ ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်ခိုင်ထံမှ သိရသည်။

လက်ရှိတွင်   ချောင်းသာကမ်းခြေ၌ လျှပ်စစ်မီး မရရှိသေးသည့်အတွက် မီးစက်များဖြင့် အသုံးပြုနေရသဖြင့် ဟိုတယ်ခများ ဈေးကြီးနေရခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်မီးရရှိပါက ဟိုတယ်အခန်းခများ ၁၅ ရာခိုင် နှုန်းခန့်  ဈေးသက်သာနိုင်ကြောင်း  သိရသည်။

''ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျှပ်စစ်မီးရရှိဖို့ စီစဉ်နေပါတယ်။ အစိုးရမီးက   ဘယ်တော့ရမယ်ဆိုတာ    မသိသေးတဲ့ အတွက် Public Private Partnerships လို့ခေါ်တဲ့  အစိုးရနှင့်  ပုဂ္ဂလိ က  ပူးပေါင်းဆောင်ရွက်တဲ့ မီးပေးစက်တွေ တည်ထောင်ဖို့ စီစဉ်နေရတာပါ'' ဟု ဦးကျော်ခိုင် ကပြောသည်။

ထိုသို့ပုဂ္ဂလိက မီးပေးရန် တင်ဒါခေါ်ယူပြီး ဆောင်ရွက်မည်ဖြစ်သည့် အတွက် အနည်းဆုံး  တစ်နှစ်ခန့်ကြာမည်ဖြစ်ရာ  ပုဂ္ဂလိက မီးရရှိရန်မှာ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစောဆုံး ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

Ref; The Mirror Daily

No comments:

Post a Comment