Latest News

Thursday, December 28, 2017

မြန်မာပြည် ချန်ပီယံဟောင်း ထွန်းထွန်းမင်း၏ The First Fight ပြိုင်ပွဲ တွဲဆိုင်းများ ပြောင်းလဲ

မြန်မာပြည် ချန်ပီယံဟောင်း ထွန်းထွန်းမင်း၏ The First Fight ပြိုင်ပွဲ တွဲဆိုင်းများ ပြောင်းလဲ

ရန်ကုန် ဒီဇင်ဘာ ၂၇

ဒဏ်ရာကြောင့် ကာလရှည် အနားယူ နေရသော မြန်မာပြည် ချန်ပီယံဟောင်း ထွန်းထွန်းမင်း ၏ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ပြန်လည် ယှဉ်ပြိုင်မည့် The First Fight  ပြိုင်ပွဲအတွက် တွဲဆိုင်းများ ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မူလကတွဲဆိုင်း ခြောက်ဆိုင်းသာ ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယခုအခါ တွဲဆိုင်း ရှစ်ဆိုင်းအထိ ယှဉ်ပြိုင်မည် ဖြစ်သကဲ့သို့ ဗျဃ္ဂ (ကျားဖြူ )နှင့် ယှဉ်ပြိုင်မည့် တွဲဆိုင်းကိုလည်း ကျော်ဇင်ထက်အစား ဟိန်းထွန်းအောင်က ယှဉ်ပြိုင်မည် ဖြစ်သည်။

ထွန်းထွန်းမင်းသည် မြန်မာလက်ခမောင်း ကုမ္ပဏီနှင့် စာချုပ်မှာ ၂ဝ၁၇ ခုနှစ် နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး လက်ရှိတွင် ကီးမားဦးတင်ဝင်း (မန္တလေး) နှင့် စာချုပ်သစ်ချုပ် ဆိုထားပြီး ထိုးကြေးများကိုပါ တစ်ပါတည်း ထည့်သွင်း ချုပ်ဆိုထားသည်။ ယခုပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်း များကို ငွေကျပ် ၈ဝဝဝ၊ ၂ဝဝဝဝ၊ ၃ဝဝဝဝ သတ်မှတ်ထားသည်။

ထုတ်ပြန်ထားသော တွဲဆိုင်းများမှာ ထွန်းထွန်းမင်း(မြန်မာ)နှင့် ကော်လာတီဒီဂျီးဆပ် ဆေးဗားလ်(ဘရာဇီး)၊ ရွှေရာမာဉ်နှင့် လုစ်ကစ်(ထိုင်း)၊ ထွန်းလွင်မိုး (နဂါးမာန်)နှင့် ပတ်ကျော်လင်းနိုင်(တိုက်ဂါး)၊ စောမင်းမင်း (T&T)နှင့် ယူကလိန်းမင်း (ဘိလပ်မြေစက်ရုံ)၊ ဟိန်းထွန်းအောင် (T&T) နှင့် ဗျဃ္ဂ (ကျားဖြူ)၊ ရဲရင့်သွေး (၁၈၈၆ မန္တလေး)နှင့် စောဒါဝိတ်(တောင်ကလေး)၊ စွမ်းထက်နိုင်(ဗမာ့သွေး)နှင့် ရွှေဖားစည် (ဘိလပ်မြေစက်ရုံ)၊ အောက်ချင်းလေး(တောင်ဇလပ်)နှင့် ဒိုးလေး (ရိုးရာပုဂံ) တို့ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment