Latest News

Thursday, December 28, 2017

ပေါင်သန်း ၃ဝဝ သုံးခဲ့တာဟာ လုံလောက်မှုမရှိဘူးဆိုတဲ့ မော်ရင်ဟို

ပေါင်သန်း ၃ဝဝ သုံးခဲ့တာဟာ လုံလောက်မှုမရှိဘူးဆိုတဲ့ မော်ရင်ဟို

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ဘန်လေအသင်းနှင့် တစ်ဖက်နှစ်ဂိုးစီသရေပွဲ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ   အသင်းအတွက်  သုံးစွဲခဲ့တဲ့ ပေါင်သန်း ၃ဝဝ ဟာ လုံလောက်မှုမရှိဘူးလို့ ဆိုလာပါတယ်။

မန်ယူအသင်းဟာ ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် ၂ဝ မှာ ဘန်လေအသင်းရဲ့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ကစားခြင်းကိုခံခဲ့ရပြီး လင်ဂတ်၏ သွင်းဂိုး နှစ်ဂိုးရရှိခဲ့ခြင်းကြောင့်သာ သရေတစ်မှတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မန်ယူအသင်းဟာ အမှတ်ပေးဇယားထိပ်က မန်စီးတီးအသင်း ပွဲစဉ်(၂ဝ)မကစားရ သေးခင်အထိ ဒုတိယနေရာကနေ ၁၂ မှတ်အကွာအနေအထားမှာ ရောက်ရှိနေခဲ့ ပါတယ်။

အဲဒါကြောင့် မော်ရင်ဟိုက မန်ယူအသင်းကို ဒုတိယရာသီ တာဝန်ယူကိုင်တွယ် နေချိန်မှာ အသင်းကို တည်ဆောက်နေရဆဲဖြစ်တဲ့အပြင် မန်ယူအသင်းဟာ ကမ္ဘာ့ အကောင်းဆုံးအသင်းတွေထဲမှာ တစ်သင်းအပါအဝင်မဖြစ်သေးဘူးလို့လည်း ဆိုခဲ့ပါ တယ်။

နည်းပြ မော်ရင်ဟိုကို မန်ယူအသင်းနည်းပြအဖြစ် ၂ဝ၁၆ ခုနှစ် မေလမှာ စတင် ခန့်အပ်ခဲ့တာဖြစ်ပြီး မန်ယူအသင်းကို ရောက်ရှိလာစဉ်မှာပဲ ကွင်းလယ်ကစားသမား ပေါ့ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းနဲ့     ခေါ်ယူခဲ့သလို နောက်တန်းကစားသမား အဲရစ်ဘိုင်လီကို ပြောင်းရွှေ့ကြေးပေါင် သန်း ၃ဝ၊ ကွင်းလယ် ကစားသမား မစ်ခီတာယန်ကို ပြောင်းရွှေ့ကြေးပေါင် ၂၆ ဒသမ ၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒုတိယရာသီမှာတော့ တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေးပေါင်  ၇၅ သန်း၊ နောက်တန်းကစားသမား လင်ဒီလော့ဖ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းနဲ့ ကွင်းလယ်ကစားသမား မာတစ်ကို ပြောင်းရွှေ့ ကြေးပေါင် သန်း ၄ဝ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို ရောက်ရှိလာခဲ့ချိန်မှာ မန်ယူအသင်းအတွက် ကစားသမားခေါ်ယူမှုမှာ သုံးစွဲခဲ့တာဟာ ပေါင်သန်း ၃ဝဝ ဖြစ်ပြီး အဲဒီပေါင်သန်း ၃ဝဝ ဟာလည်း လုံလောက်မှုမရှိသေး ဘူးလို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ အသင်းကြီးတွေအတွက်ကတော့ အခု သူသုံးစွဲခဲ့တဲ့ ပေါင်သန်း ၃ဝဝ ဟာ အခြားကလပ်အသင်းတွေနဲ့ နှိုင်းစာရင် ခြားနားနေဆဲဖြစ်တယ်လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

အဲဒီလိုပြောခဲ့တာဟာ ပရီမီယာလိဂ်မှာ ထိပ်ဆုံးမှာရပ်တည်နေတဲ့ မန်စီးတီး  အသင်းရဲ့ နည်းပြ ဂွါဒီယိုလာရဲ့သုံးစွဲမှုကို နှိုင်းယှဉ်ပြောခဲ့တာဖြစ်ပြီး ဂွါဒီယိုလာဟာ နီလီတိုး၊ ဂျီးဆပ်၊ ဂျွန်စတုန်း၊ ကီလီဝေါ်ကာ၊ ဆာနေး စတဲ့ကစားသမားတွေအပါအဝင်  ကစားသမား  ၁၇  ဦးကို ပြောင်းရွှေ့ကြေးပေါင် ၄ဝ၃ ဒသမ ၈ သန်း သုံးစွဲခဲ့မှုနဲ့ နမူနာထား ပြောကြားခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments:

Post a Comment