Latest News

Sunday, December 10, 2017

ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုအပေါ် ဘာတန် လစ်တနာ၏ အရေခွံခွာ အင်တာဗျုး (နိဂုံး)




သူတို့ ရဲ့ လုပ်နည်းလုပ်ဟန်တွေက အခြား လူမျိုးစု အမျိုးသားရေး လှုပ်ရှားနေတဲ့
လက်နက်ကိုင် အဖွဲ့ တွေနဲကော ကွဲပြားမှူ တစုံတရာ ရှိပါသလား
ပြောရမယ် ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဇွဲ့တွေက စစ်တပ် အစဉ်အလာ
အတိုင်း အနည်းနဲ့ အများ ဆိုသလို ဖွဲ့စည်းပြီးလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ သူတို့ အားလုံး
က ယူနီဖေါင်းတွေ ၀တ်ထားကြပါတယ်။ ရာထူးအဆင့်ဆင့် ရှိကြတဲ့အပြင် တပ်စု တပ်ခွဲ တပ်
ရင်း တပ်မ ဆိုပြီး ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ အော်တိုမက်တစ် ရိုင်ဖယ်တွေနဲ့ စက်
သေနတ်တွေ ကိုင်ဆောင်ထားကြပါတယ်။အာဆာ အနေနဲ့ က အတော်ကို ခြားနားမှု ရှိ
တယ် ပြောရပါမယ်။ ၂၀၁၆ အောက်တိုဘာတိုက်ခိုက်မှုက ၂၀၁၇ သြဂုတ်လနဲ့ ဘာမှ မခြား
ပဲ ရွာသားတွေကို စုရုံးပြီး ပြစ်မှတ်ကို ၀ိုင်းရံထားတဲ့ နည်းကို သုံးလာကြပါတယ်။ ဆိုလိုတာက
သူတို့ အင်အား အဆမတန်များတယ်လို့ အထင်ရောက်အောင် ဖန်တီးကြတာပါ။ သူတို့ လက်ထဲ
မှာ ဓါးတွေ၊ လှံတွေ ဓါးမျြျောင်တွေပဲ ကိုင်ဆောင်ထားပြီး လက်နက်ဆိုလို့ အနည်းငယ်ပဲ
ပါလာကြပါတယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက မြန်မာပြည်ထဲက တိုင်းရင်းသား လက်
နက်ကိုင်တွေနဲ့ မတူပဲ နီပေါ နဲ့ အိန္ဒိယ အလယ်ပိုင်းက မော်ဝါဒီ အဖွဲ့တွေနဲ့ သွားဆင်တာ တွေ့
ရပါတယ်။

အင်အား ဘယ်လောက်အထိ ရှိမယ်လို့ခင်ဗျား ခန့်မှန်းလဲ။
ဒါကိုတော့ တကယ် မသိရပါဖူး။ သြဂုတ်လ ၂၅မတိုင်မီကတော့ ရာဂဏန်း လောက်ပဲ ရှိခဲ့ပါ
တယ်။ ဘင်္ဂလားဒေ့ရှ်ဖက်မှာ စစ်သင်တန်းယူနေတဲ့ ကေဒါသဘောမျိုး ၅၀၀- ၆၀၀ လောက်
ရှိကောင်း ရှိနိုင်ပါတယ်။ လေ့ကျင့်ပေးနေသူတွေက အာဖဂန် စစ်ပြန်တွေ ဖြစ်ပြီး သင်တန်းသား
တွေထဲမှာ ၁၅၀ လောက်က ဘင်္ဂလားဒေ့ရှ်ဖက်က လူတွေ အပါအ၀င် နိုင်ငံခြားသားတွေ ဖြစ်
ကြပါတယ်။ အချို့က ပါကစ္စတန် နဲ့ အင်ဒိုနီရှားက ဖြစ်ပြီး နှစ်ယောက်က အူစဘက်စတန်က
လို့ သိရပါတယ်။ အနည်းငယ် လောက်ကသူတို့ကိုယ် သူတို့ မလေးလူမျိုးများလို့ ပြောပါ
တယ်။ ဒါပေမယ့် မလေးရှားကလား ထိုင်းနိုင်ငံတောင်ပိုင်းကလား ဆိုတာတော့ အတတ်မပြော
နိုင်ပါဖူး။

ရခိုင်က မဟုတ်ပဲ လူမျိုးစုံတွေ ဖြစ်ကောင်းဖြစ်နေတယ် ဆိုရင် ရခိုင်ပြည်နယ် လွတ်
မြောက်ရေး အတွက် တိုက်ဖို့ ဘာအကြောင်းနဲ့ရောက်လာကြတာပါလဲ။
ဒီအုပ်စုရဲ့ အောက်ခြေ အဖွဲ့ဝင်တွေက ဒေသခံတွေ အများအပြား ပါဝင်နေပါတယ်။ ဒီလူငယ်
တွေက သူတို့ အပေါ် နှစ်ပေါင်းများစွာ ဖိနှိပ်တာ ခံလာရတော့ အတော်ကို ဒေါသထွက်နေ
ကြတာ နားလည်လို့ ရပေမယ့် ပါကစ္စတန်၊ အူးစဘက် နဲ့ မလေးတွေက ဘာကြောင့်ပါလာရ
တာလဲ။ ဒီလူတွေ ပါလာပြီဆိုကတည်းက ဂျီဟတ်အကြောင်း မပြောပဲနဲ့ နေမှာတော့ မဟုတ်
ပါဘူး။

ရိုဟင်ဂျာလို့ အမည်တပ် နေတဲ့ ဒေသခံတွေရဲ့ ထောက်ခံမှုကို ရပါသလား။
အများကြီးတော့ မဟုတ်ဖူး။ သူတို့ထဲမှာလည်းကွဲနေကြတယ်။ သူတို့က သြဂုတ်လ ၂၅ ရက်
နေ့ တိုက်ခိုက်မှု နဲ့ ပါတ်သက်ပြီး အာဆာ ကိုအပြစ်ဖို့ နေကြတယ်။"ဘာဖြစ်လို အခုလို လုပ်
ရတာလဲ၊ ဘာလို့ ရန်သွားစရတာလဲ" ဆိုတာမျိုး မေးခွန်း ထုတ်လာကြတယ်။ ဒီနေရာမှာ
မှတ်သားစရာ ကောင်းတာတခုက တိုက်ခိုက်မှုကို အာဆာက အသေအချာ အချိန်ကိုက် လုပ်
ခဲ့တယ် ဆိုတာပဲ။ သူတို့ စ မတိုက်မီ နာရီအနည်းငယ် က ကိုဖီအာနန် ကော်မရှင်ရဲ့ အစီ
ရင်ခံစာ ထွက်သွားပြီး ဒီအစီရင်ခံစာက တကယ်တမ်းဆို မြန်မာတွေကို အပြစ်ဖို့ ထားတာလို့
ဆိုရမယ်ဗျ။ အခုလို ၀င်တိုက်လိုက်တော့ အစီရင်ခံစာလည်း သုံးမရတဲ့ ဘ၀ ရောက်သွားရ
တာပေါ့။ ဒါဟာ ဘယ်နည်းနဲ့မှ တိုက်ဆိုင်မှုလို့ပြောလို့ မရဖူး။ သူတို့ အနေနဲ့ က စစ်ရေးအရ လှုပ်ရှားနိုင်မဲ့ နေရာ ပိုလိုချင်လာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တဖက်က သူတို့ကိုအပြစ်တင်လာနေသလို တဖက်ကလည်း ဒေါသထွက်နေတဲ့ လူငယ်တွေက သူတို့ မျော်လင့်ထားကြသလို ရောက်လာကြလို့ ပဲ ဖြစ်ပါတယ်။

အနောက်တိုင်း မီဒီယာတွေက ဒေါ်အောင်ဆန်ုးစုကြည်ရဲ့ ကိုင်တွယ်ပုံကို အပြစ်တင် ဝေဖန်လာတာ
ကိုကော ဘယ်လို ပြောချင်ပါသလဲ။
၂၀၁၅ မှာ တရားမျတတဲ့ ရွေးကောက်ပွဲတွေကျင်းပပေးခဲ့တယ် ဆိုပေမယ့် စစ်တပ်က အရေးပါတဲ့ ၀န်ကြီးဌာန သုံးခုကို ကိုင်ထားပြီး ရှေ့ ကနေ မောင်းနေတုန်ုးပါပဲ။ အခု ဖြစ်ပျက်နေတာတွေက သူ့ အနေနဲ့ ဘယ်လိုမှ ထိမ်းချုပ်လို့မရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီအတွက်လည်း တစုံတယောက် ကို အမိန့်ပေးလို့ လည်း
မရနိုင်ပါဘူး။ စစ်တပ်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့် ပဲ နာခံပါတယ်။ ရွေးကောက်တင်မြှောက်ခံ
 ခေါင်းဆောင်ရဲ့ အမိန့်ကို နာယူခြင်း မရှိပါဘူး။သူမအနေနဲ့က တကယ်ကို သိမ်မွေ့စွာ ထိမ်းပြီး
 လျောက်နေရတဲ့ အနေအထားမှာ ရှိပါတယ်။
သူမအနေနဲ့ ရိုဟင်ဂျာ တွေဖက်က ထွက်ပြောတယ် ဆိုပါစို့။ ဒါက နိုင်ငံရေးအရ ကိုယ့်ကိုကိုယ်
 သေကြောင်း ကြံတာနဲ့ အတူတူပါပဲ။ သူမရဲ့ မဲဆန္ဒရှင်တွေက ဒီကိစ္စ အပေါ် ဘယ်လို ရပ်တည်နေကြလဲဆိုတာက ရှင်းပါတယ်။ စိတ်မာန်ခက်ထန်တဲ့ ANP ပါတီဘက်က လိုက်ပြောပြန်လည်း အနောက်တိုင်း
သတင်းစာတွေရဲ့အနွာ ခံရဖို့ ရှိနေပြန်ပါတယ်။ အခုလို ဘာမှမလုပ်ပြန်လည်း အခု ပြောနေသလို အပြော
ခံရမှာ ဖြစ်ပါတယ်။ သူမအတွက် အတော်လေးကို သိမ်မွေ့စွာ ကိုင်တွယ်ရမယ့် အနေအထားမှာ ရောက်နေပါတယ်။
သူမအနေနဲ့ လုပ်နိုင်တာ တခုတော့ ရှိပါတယ်။ခုထိတော့ လုပ်တာ မတွေ့ရသေးပါဖူး။ ဒါကဘာလဲဆိုတော့ စစ်တွေကို ဆင်းသွားပြီး ရွေးကောက်ခံ နိုင်ငံရေး သမားအချို့ နဲ့တွေ့ဖို့ပါပဲ။ သူမအနေနဲ့ က ANP ကို သိပ်
ကြိုက်လှတယ် မဟုတ်တော့ လုပ်မှာတော့ မဟုတ်ပါဖူး။ ဒါပေမယ့် ရခိုင်မှာလည်း အရပ်သားတွေကို နေရာ
ပေးတဲ့ သဘောမျိုး ပြဖို့တော့ လိုပါတယ်။ ဘာမှလည်း ပြောစရာ မလိုပါဘူး။ ဆေးရုံတရုံကိုသွား
ပြီး လူ မျိုး စုံ နဲ့ တွေ့လိုက်ယုံပဲ။ ဒီလို လုပ်လိုက်ရင် အလွန်တရာမှ အကန့် အသတ်နဲ့ ဖြစ်နေတဲ့ အရပ်ဖက် နယ်ပါယ်ကို ချဲ့ ပေးလိုက်သလို ဖြစ်သွားမှာပါ။

အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံတွေလိုမဟုတ်ပဲ ရခိုင် အကြပ်အတည်းကို အိန္ဒိယကလုံးဝ ဥသုံ ရှုတ်ချခြင်းမရှိတာ အိန္ဒိယ အစိုးရအနေနဲ့ မှန်တယ်လို့ ထင်ပါသလား။
မှန်တယ် မမှန်ဖူး ဆိုတာ က္ဈန်တော် ပြောရမယ့်ကိစ္စ မဟုတ်ပါဖူး။ ဒါပေမယ့် မြန်မာပြည်ရဲ့အရေးပါလှတဲ့
အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ် နဲ့အိန္ဒိယက အနောက်အုပ်စု ရှုတ်ချနေကြတဲ့ကြားထဲ ၀င်မပါခဲ့ပါဖူး။ ဒါက
လည်း မဟာဗျုဟာအရ အကြောင်းတွေ ရှိနေလို့ ဆိုတာ သိသာပါတယ်။ တရုတ် အတွက် အိန္ဒိယ သမုဒ္ဒရာကိုဝင်ရောက်ခွင့် ရရေးမှာ မြန်မာနိုင်ငံက အရေးပါနေပါတယ်။ ဒီလိုပဲ အိန္ဒိယ အနေနဲ့လည်းအရှေ့တောင်အာရှ ကို ၀င်ရောက်နိုင်ရေးမှာမြန်မာနိုင်ငံက တံခါးပေါက်လို ဖြစ်နေပါတယ်။

အိန္ဒိယ အစိုးရက နောက်ပိုင်းမှာ ရိုဟင်ဂျာကိစ္စအပေါ် အတော်လေး သဘောထားတင်းမာလာတဲ့သဘော တွေ့ရပါတယ်။ ဒါက ရိုဟင်ဂျာတွေက လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်လို့လား။ ခင်ဗျား အနေနဲ့ ဘယ်လို သဘောရပါသလဲ။
လုံခြုံရေးအရ စိုးရိမ်မကင်း ဖြစ်လာလို့ ဆိုတာ ဖြစိနိုင်ခြေ ရှိပါတယ်။ ဒီနေရာမှာမေးစရာ ရှိလာတာက
လုံခြုံရေးအရ လောလောဆယ် အန္တရာယ် ရှိနေသလား ဆိုတာပါပဲ။အခုထက်ထိတော့ ရှိနေတယ်ဆိုတဲ့
သက်သေအထောက်အထား မတွေ့ရသေးပါဖူး။ ဒီအတွက်တကယ်တမ်း မရှိသေးဖူးလို့ ပြောလို့ ရပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ရှစ်သောင်းလောက်ရှိနေတာကြောင့် ဒီလူတွေဘယ်ကို သွားကြမှာလဲ။ ဘင်္ဂလားဒေ့ရှ်မှာက လူဦးရေ အဆမတန် ကျပ်တည်းနေပြီ။ ဒီအထဲမှာလူဦးရေ သိတ်မထူထပ်ဖူးလို့
ပြောလို့ ရတဲ့ နေရာ တနေရာပဲ ရှိတယ်။ အဲဒါကစစ်တကောင်း တောင်တန်းဒေသပဲ။ က္ဈန်တော်ရထားတဲ့ သတင်း အချက်အလက်က အမှန်ပဲဆိုရင်တော့ Chakmas နဲ့ Marmas ခေါ်တဲ့ဗုဒ္ဓဘာသာဝင် အသိုက်အ၀န်း နှစ်ခုလုံးကအတော်စိုးရိမ်နေကြလောက်ပြီ။

ဒီအကြပ်အတည်းက တောင်အာရှ အတွက်ဘယ်လို အဓိပ္ပါယ်တွေ ဆောင်လာနိုင်သလဲ။
နဲနဲလေးတော့ ပြောဖို့ စောနေပါသေးတယ်။ဒေသအတွင်းမှာက ရုတ်ခြည်း ဆိုသလို ဒုက္ခသည်တွေ အစု
လိုက် အပြုံလိုက် ဖြစ်သွားရတာဆိုတော့။ ဒီအနေအထားမှာ အစ္စလာမ် အစွန်းရောက်သမား အတော်များများက အခွင့်အရေးယူဖို့ မျက်စိကျနေတယ် ဆိုတာ အားလုံးအသိပဲ။အင်ဒိုနီရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်ကလည်း လူသစ် စုဆောင်းနိုင်မယ့် အခွင့်အလမ်းတွေ ရှာလာကြမှာပဲ။ ဒီလို အနေအထားကနေစစ်သွေး
ကြွတဲ့ တုန့်ပြန်မှုတွေ ဖြစ်လာမယ်ဆိုရင်တော့ ဒေသအတွင်းမှာ ဆိုးဆိုးဝါးဝါး ဂယက်ရိုက်လာနိုင်စရာ ရှိပါတယ်။နောက်တခု အရေးတကြီး သိထားရမှာက ဘင်္ဂလားဒေ့ရှ်မှာ မကြာခင်အတွင်း ရွေးကောက်ပွဲရှိနေ
တယ် ဆိုတာပါပဲ။ ဘင်္ဂလားဒေ့ရှ်က တခါတုန်ုးက မြန်မာစစ်တပ်နဲ့ လက်တွဲပြီး ရိုဟင်ဂျာသူပုန်တွေကို
တိုက်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ဖြစ်စမှာတုန်းကလည်း ဒုက္ခသည်တွေ လက်ခံဖို့ကို ငြင်းခဲ့ဖူးပါတယ်။ နဲနဲ ကနေ ဆူနာမီလောက်ထိ ဖြစ်လာတော့ ၀န်ကြီးချုပ် ရှိတ် ဟာစီနာ နဲ့ သူမရဲ့ အ၀ါမီလိဂ် အစိုးရက အနေ
အထား ပြောင်းသွားခဲ့ပါတယ်။ ဒါကလည်း ပြည်တွင်းမှာ ရှိတဲ့ အခြေခံဝါဒီတွေနဲ့ ဖွဲ့ထားတဲ့
Jammat-e- Islami ပါတီက ၀င်ပြီး အခွင့်အရေးယူ အသုံးချသွားမှာကို ဟန့်တား နိုင်ဖို့ပါပဲ။
အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) သာ Jamaat တို့ရဲ့ ထောက်ခံမှု နဲ့အာဏာရလာခဲ့လို့ ရှိရင် လုံခြုံရေးအရ အတော်ကို စိုးရိမ်မကင်းစရာ အနေအထား ဖြစ်လာနိုင်ပါတယ်။ Jamaat တွေက ရိုဟင်ဂျာ သောင်းကျန်းသူတွေနဲ့ အတော်လေး နီးစပ်မှု ရှိတယ်ဆိုတာ သိထားလို့ပါပဲ။ ဒါကြောင့်လည်း ရှိတ်
ဟာဆီနာက သူမအနေနဲ့ ဒုက္ခသည်တွေ ဖက်က ရှိတယ်ဆိုတာ ပြသဖို့ စိတ်အားထက်သန်နေတာလည်း
 ဖြစ်ပါတယ်။

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်တို့ မကြာမီကချုပ်ဆိုပြီးသွားတဲ့ ဒုက္ခသည် ပြန်ပို့ ရေးသဘော တူညီချက်ကိုရော ခင်ဗျား ဘယ်လိုသဘောရသလဲ။
ဒါကလည်း ဟန်ပြသက်သက်ပါ။ ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ပါဖူး။ ပထမဆုံးကစိစစ်ရေးပဲ။ လူအများစု မှာ စာရွက်စာတမ်းတွေဘာတွေ မရှိကြဖူး။ နောက်တကြောင်းကသူတို့ကကော ပြန်လာချင်ကြလို့လား။ စစ်တပ်က ရက်ရက်စက်စက် လုပ်ပြလိုက်တာကလဲပြန်မလာဖို့ သေချာအောင် ရည်ရွယ်ချက်ပါ
တယ်။ သူတို့ ဘာအတွက် ပြန်လာကြမှာလဲ။အိမ်တွေ အားလုံးလည်း မီးရှို့ ခံလိုက်ရပြီးပြီ။

မကြာမီ အချိန်အတွင်း ပြသာနာ ပြေလည်နိုင်ဖို့ မြင်လား။
ဒါက တကယ်ကို ကြီးမားလှတဲ့ မေးခွန်းကြီးဖြစ်ပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ကျွန်တော် မသိပါဖူးလို့ ဆိုရမှာပါပဲ။ သူတို ဘင်္ဂလားဒေ့ရှ်မှာကော နေနိုင်မှာလား။ သူတို့ အဖို့က နေနိုင်ပါတယ်။ ဒီအခါကျ စစ်တကောငိး တောင်တန်ုးဒေသက လူတွေ ပြသာနာဖြစ်လာနိုင်ပါတယ်။ တတိယ နိုင်ငံတခုခုကော
သူတို့ကို ဘယ်သူက လက်ခံမှာလဲ။
(ကျေးဇူးတင်ပါတယ်)
လှစိုးဝေ

No comments:

Post a Comment