Latest News

Friday, December 8, 2017

ကရင့်တပ်မတော်နေ့ တွင် DKBAက သူရဦးရွှေမန်းကိုဖိတ်ကြားမည်

ကရင့်တပ်မတော်နေ့ တွင် DKBAက သူရဦးရွှေမန်းကိုဖိတ်ကြားမည်


၂၃နှစ်မြောက်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နေDKBAပွဲကိုဆုံစည်းမြိုင်ကျင်းပပြုလုပ်မည်ဖြစ်ရာ အထူးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းကို ဖိတ်ကြားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဖိတ်ကြားထားသောဧည့်သည်တော်များမှာကရင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုအစိုးရ၀န်ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အထူးကော်မရှင် ဥက္ကဌ သူရရွှေမန်းဌာနဆိုင်ရာတာဝန်ရှိသူများလူထုဧည့်သည်တော်၅၀၀၀ကျော်ကိုဖိတ်ကြားထားကြောင်းဗိုလ်မှူးစောမိုရှားကပြောသည်။

ကရင်ပြည်နယ် ဘားအံ့မြို့နယ် မြ၀တီခရိုင်ဖစုကလီမြို့နယ် ဆုံစည်းမြိုင်ကျေးရွာတွင်၂၃နှစ်မြောက်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နေ့DKBAမွေးနေ့ပွဲကို၂၁ ၁၂ ၂၀၁၇ရက်နေ့နံနက်၅နာရီမှ၉နာရီအထိကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းအခမ်းအနားတွင်၁၉ ၁၂ ၂၀၁၇မှ၂၁ ၁၂ ၂၀၁၇မရက်နေ့အထိလက်ဝှေ့ပွဲများနှင့်ထိုင်းနှင့်မြန်မာနာမည်ကျော်လက်ဝှေသမားများနှင့်၂၀ ၁၂ ၂၀၁၇ရက်နေ့တွင်နိုင်ငံကျော်အဆိုတော်များနှင့်ည၆း၀၀မှတေးဂီတဖျော်ဖြေပွဲများလည်းပါဝင်မည်။

ကျော်လင်းနိုင်

No comments:

Post a Comment