Latest News

Friday, December 8, 2017

ကန်သာယာကွင်းအဆောက်အဦးပျက်ခြုံထဲတွင်သူသေအလောင်းတစ်လောင်းတွေ့ရှိ

ကန်သာယာကွင်းအဆောက်အဦးပျက်ခြုံထဲတွင်သူသေအလောင်းတစ်လောင်းတွေ့ရှိ

        ပုသိမ် l ဒီဇင်ဘာလ ၇ရက်

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သာယာကွင်းအတွင်းရှိ ယခင်ကန်သာယာအဆောက်အဦးပျက်နေရာတွင် ဒီဇင်ဘာလ ၇ရက်နေ့၌ လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့ရုံး၏သတင်းထုတ်ပြန်ပေးမှုအရသိရှိရသည်။

         ဒီဇင်ဘာလ ၇ရက်နေ့ နံနက်ပိုင်းတွင်တာဝန်သိပြည်သူတစ်ဦး၏ ကန်သာယာကွင်းအတွင်း လူတစ်ဦးသေဆုံးနေကြေင်းသတင်းပေးပို့မှုအရ မြို့မရဲစခန်းမှတာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ ခန့်မှန်း သေဆုံးရက် (၁၀)ရက်ခန့်ရှိသောအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

          " သေနေတာတော့ ခန့်မှန်း (၁၀)ရက်အထက်ရှိနေပါပြီ ကျွန်တော်တို့ရဲတပ်ဖွဲ့ကိုဖုန်းဆက်လာတော့ သွားကြည့်တာ ခြုံထဲမှာသေနေတဲ့အလောင်းကိုတွေ့ရတယ် အဲကွင်းကလည်းခြုံတွေထူနေတော့ ဘယ်သူမှလူသေနေတာကိုသတိမထားမိဘူး အဝေးကလှန်းကြည့်လည်းအထဲမှာခြုံတွေကာထားတော့ ဘာဖြစ်နေမှန်းလည်းသိရမှာမဟုတ်ပါဘူးဟု"ရဲအုပ် ဝင်းမြင့်ထွန်းကပြောသည်။
       အဆိုပါအလောင်း၏ ခန္ဓာကိုယ်အနှံသို့လိုက်လံ စစ်ဆေးမှုပြုလုပ်ခဲ့သော်လည်းဒဏ်ရာဒဏ်ချက်တစ်ခုမှမတွေ့ရှိဘဲ သေဆုံးနေသည့်အတွက် ပုသိမ်ဆေးရုံသို့ပို့ဆောင်က စစ်ဆေးခဲ့ပြီးအဟာရပျက်ကာ ဓမ္မတာအတိုင်းဒေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ဆေးရုံမှအတည်ပြုခဲ့သည်။

          သေဆုံမှာ ဒေါ်မိုးမိုးပုသိမ်မြို့ ရေကြည် (၁၀)ရပ်ကွက်တွင်နေထိုင်ကာ ဂျာဘမ်းအလုပ်သမားတစ်ဦးဖြစ်ကြောင်းရဲမှအတည်ပြုပြောကြားခဲ့သည်။

                                 ထက်ဝဠာမင်း

No comments:

Post a Comment