Latest News

Sunday, December 24, 2017

လျှို့ဝှက် ရဲတပ်ဖွဲ့ဝင်များကို ကမ္ဘာ့ဖလားပွဲတွင် အသုံးပြုရန် စီစဉ်

လျှို့ဝှက် ရဲတပ်ဖွဲ့ဝင်များကို ကမ္ဘာ့ဖလားပွဲတွင် အသုံးပြုရန် စီစဉ်

ရုရှား သမ္မတပူတင်သည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံး လူရမ်းကား ပရိသတ်များ ရန်ကို ကာကွယ်နှိမ်နင်းရန် ယခင် ကေဂျီဘီယခု အက်ဖ်အက်စ်ဘီ လျှို့ဝှက် ရဲတပ်ဖွဲ့ဝင် များကို အသုံးပြုရန် ကြိုတင် စီစဉ်ထားကြောင်း သိရသည်။

ပူတင်သည် မိမိ ထုတ်ပြန်ထားသည့် အမိန့်များကို ဖီဆန်ကာ ကမ္ဘာ့ဖလားပွဲတွင် အကျည်းတန်စေမည့် ရုန်းရင်း ဆန်ခတ်မှုများ၊ လက်မှတ် မှောင်ခိုမှုများကို ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး ထောင်ဒဏ် ရှစ်နှစ်မှ ၁၅ နှစ်အထိ ချမှတ်မည်ဟုလည်း ကြိုတင် သတိပေးထားသကဲ့သို့ အကြမ်းဖက်မှု လုံးဝမရှိသည့် ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ရမည်ဟု ကြွေးကြော်ထားသည်။

ရုရှား ဘောလုံးပရိသတ်များ ခေါင်းဆောင် အလက်ဇန္ဒား ရှစ်ပရီဂင်က ပူတင်သည် လျှို့ဝှက် ရဲတပ်ဖွဲ့များကို ဖွဲ့စည်းပြီး ယခုကတည်းက အကြမ်း ဖက်ဖွယ်ရှိမည့် ပရိသတ်များနှင့် ပတ် သက်၍ ကြိုတင် စုံစမ်းထားခိုင်းပြီး ဖြစ်ကြောင်း သတိပေး စကားပြောသည်။ ပြောရေး ဆိုခွင့်ရှိသူ ဇာကရာကော့ဗ်က ''သောက်စားလို့ရတယ်။ အနှောင့်အယှက်တော့ ပေးလို့ လုံးဝမရနိုင်ဘူး ဆိုတာ ပရိသတ်တွေကို ကြိုတင် အသိပေးပါတယ်''ဟု ပြောသည်။(MWD)

No comments:

Post a Comment