Latest News

Sunday, December 24, 2017

နေမာနှင့်အဲလ်ဗက်စ်တို့ကြောင့် ပီအက်စ်ဂျီ စည်းလုံးမှုပျက်ယွင်းနေ

နေမာနှင့်အဲလ်ဗက်စ်တို့ကြောင့် ပီအက်စ်ဂျီ စည်းလုံးမှုပျက်ယွင်းနေ

ပီအက်စ်ဂျီတွင် နေမာနှင့် အဲလ်ဗက်စ်တို့သည် အသင်းဖော်များကို နောက်ကွယ်မှ ထိန်းချုပ် မှုများ ပြုလုပ်နေပြီး အဝတ်လဲခန်းထဲ၌ အချင်းချင်း စိတ်ဝမ်းကွဲကာ ပြဿနာဖြစ်အောင် ပြုလုပ်နေကြောင်း အင်္ဂလန်သတင်းစာ ဒေးလီးမေးလ်က ဖော်ပြသည်။

ထို့ပြင် ထိုကစားသမား နှစ်ဦး၏ အပြုအမူများမှာ ပီအက်စ်ဂျီတွင် ကာလရှည် ကစားခဲ့သော ကစားသမားများအတွက် ကျေနပ်စရာမရှိ ဖြစ်နေကြောင်းလည်း ပေါ်တူဂီမှ သတင်းများကို ကိုးကားပြီး အဆိုပါ သတင်းစာက ရေးသားခဲ့သည်။

ပေါ်တူဂီသတင်းစာ O Jogoက ဖော်ပြရာတွင် နေမာနှင့် အဲလ်ဗက်စ်တို့သည် သူတို့ကိုယ်သူတို့ အဝတ်လဲခန်းအတွင်း၌ အဓိက အကျဆုံးလူများအဖြစ် သတ်မှတ်ထားကြပြီး ပွဲထွက်ခွင့် ရသူများအနက် ဆရာကြီးပုံစံ ဖမ်းနေကြသည်ဟု ပါရှိသည်။

ပီအက်စ်ဂျီအသင်း နည်းပြ အူနိုင်းအီမာရီနှင့် နေမာတို့၏ ဆက်ဆံရေးမှာလည်း အေးစက်စက် ဖြစ်နေပြီး ပီအက်စ်ဂျီ စီနီယာက စားသမားတချို့မှာ ရာသီကုန်ချိန်တွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေသည်ဟုလည်း ဆိုသည်။ နေမာနှင့် အဲလ်ဗက်စ်တို့သည် ပြီးခဲ့သည့် နွေရာသီက ပီအက်စ် ဂျီသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။(MWD)

No comments:

Post a Comment