Latest News

Wednesday, December 13, 2017

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သော နိုင်ငံခြား ခရီးသွား ဧည့်သည်များ ထံမှ လေးနှစ်အတွင်း ဇုန်ဝင်ကြေး ငွေကျပ် သိန်းသုံးသောင်းခန့် ကောက်ခံရရှိ

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သော နိုင်ငံခြား ခရီးသွား ဧည့်သည်များ ထံမှ လေးနှစ်အတွင်း ဇုန်ဝင်ကြေး ငွေကျပ် သိန်းသုံးသောင်းခန့် ကောက်ခံရရှိ

ကျိုက်ထို ဒီဇင်ဘာ ၁၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ လေးနှစ်တာ ကာလအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်မှုမှ စုစုပေါင်း ဇုန်ဝင်ကြေး မြန်မာငွေကျပ် သိန်းသုံးသောင်းခန့် ကောက်ခံရရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။

၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သော နိုင်ငံခြား ခရီးသွား ဧည့်သည်များထံမှ စုစုပေါင်း ဇုန်ဝင်ကြေး မြန်မာငွေကျပ် သိန်းပေါင်း ၂၉၆၈၇ ကျော် ကောက်ခံရရှိခြင်း ဖြစ်သည်။

ထို့ပြင် ယခုနှစ် အတွက် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ရင်ပြင်တော်ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ စားသောက်ဆိုင်များ၊ ရေချိုးခန်းနှင့် အိမ်သာ စသည့် စီးပွားရေး လုပ်ငန်း ၉၄ ခုမှ လုပ်ငန်း လိုင်စင်ကြေး ငွေကျပ် ၂၂ သိန်းကျော်နှင့် တည်းခိုခန်း လုပ်ငန်းရှစ်ခုမှ ရရှိသော လုပ်ငန်း လိုင်စင်ကြေး ငွေကျပ် ၁ဝ သိန်းကျော်ကို မွန်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာငွေထဲသို့ ထည့်သွင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ဈေးဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုခန်း များနှင့် တောင်တက်မော်တော်ယာဉ် လုပ်ငန်းများမှ ပေးဆောင်ရသော ဝင်ငွေခွန်များနှင့်    ကုန်သွယ်ခွန်များကို ပြည်ထောင်စု ဘဏ္ဍာငွေထဲသို့ ထည့်သွင်းရပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အခွန်ငွေ ငွေကျပ်သိန်းပေါင်း ၂၅၅ဝ ရရှိကြောင်း သိရသည်။ ယခင်က ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၏ ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြား ခရီးသွား ဧည့်သည်တစ်ဦးလျှင်  ငွေကျပ် ခြောက်ထောင် သတ်မှတ် ကောက်ခံခဲ့သော်လည်း ယခုနှစ် အောက်တိုဘာ ၅ ရက်မှ စ၍ နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းသို့ တိုးမြှင့် ကောက်ခံကြောင်း သိရသည်။
MWD

No comments:

Post a Comment