Latest News

Friday, December 29, 2017

၅၂ လမ်း ညဈေးတန်း ဖွင့်လှစ်တော့မည်

၅၂ လမ်း ညဈေးတန်း ဖွင့်လှစ်တော့မည်

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၂ လမ်းတွင် ဖွင့်လှစ်မည့် ၅၂ လမ်း ညဈေးတန်းကို ဒီဇင်ဘာ ၂၉ ရက်မှ စတင်ရောင်းချခွင့်    ပြုသွားမည် ဖြစ်ကြောင်း   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။

ရန်ကုန်မြို့၏ ညဈေးတန်းသစ် တစ်ခုအဖြစ် ဖွင့်လှစ်ရောင်းချတော့ မည့် ၅၂ လမ်း ညဈေးတန်းတွင် နေ့ ဈေးသည် ၉၂ ဦး၊ ညဈေးသည် ၁ဝဝ ကျော်  ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်   ညဈေးတန်း ဖွင့်လှစ်ခြင်းကို ကမ်းနားလမ်းတစ် လျှောက်တွင်    ယခုနှစ်အတွင်း စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်ဖွင့်ခြင်း တွင် အများပြည်သူ စိတ်ဝင်စားမှုများ ကာ လာရောက်လည်ပတ်သူများ၊ ဈေးဝယ်သူများ၊ စားသောက်သူများ ဖြင့် စည်ကားခဲ့သော်လည်း ယခုအခါ စည်ကားမှုလျော့နည်းကာ   ယခင် ကလောက် အရောင်းအဝယ်မကောင်း တော့ကြောင်း ဈေးရောင်းချသူများက ဆိုသည်။

''ကမ်းနားလမ်း  ညဈေးက အစက ခဏခဏသွားဖြစ်တယ်၊  တရုတ် တန်းက ဆိုင်တွေ အဲဒီဘက် ရွှေ့သွား တော့ လိုက်စားဖြစ်တယ်၊  နောက်     မိုးတွင်းဘက်ကျတော့ သိပ်မသွားဖြစ် တော့ဘူး၊  ထိုင်လို့ မကောင်းဘူး၊ သန့်ရှင်းမှုပိုင်းနဲ့ အမှိုက်စွန့်ပစ်တာ တွေလည်း အားနည်းလာတယ်၊ အခု ၅၂ လမ်း ညဈေးက ဖွင့်မယ်လို့ ပြောနေတာတော့ ကြာပြီ၊ ဖွင့်ရင် တော့ သွားကြည့်တာပေါ့၊ တကယ်ဆို ထိုင်းမှာလုပ်ထားတဲ့  ညဈေးတန်း တွေလိုမျိုး  နိုင်ငံခြားသားတွေကိုပါ ဆွဲဆောင်နိုင်ရင်   ကောင်းမယ်''ဟု မင်္ဂလာတောင်ညွန့်   မြို့နယ်တွင် နေထိုင်သူတစ်ဦးက မှတ်ချက်ပြုသည်။

လမ်းဘေးဈေးသည်များ စနစ် တကျ   ရောင်းချနိုင်ရေးအတွက် ညဈေးတန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး ပုဇွန် တောင်မြို့နယ် ၅၂ လမ်းတွင် ဖွင့်လှစ် မည့် ညဈေးတန်းအတွက် ဈေးရောင်း ချခွင့်ကတ်ပြားများကို ဒီဇင်ဘာ ၂၈ ရက်က    ထုတ်ပေးခဲ့ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဈေးရောင်းချမည့်သူများ  တွေ့ဆုံခဲ့ ကြောင်း သိရသည်။            

Ref ; The Mirror Daily

No comments:

Post a Comment