Latest News

Friday, December 29, 2017

ဖယ်လိုင်နီအား စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း ကမ်းလှမ်းထား

ဖယ်လိုင်နီအား စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း ကမ်းလှမ်းထား

မန်ယူအသင်းသည် ကွင်းလယ် ကစားသမား    ဖယ်လိုင်နီအား စာချုပ်သစ်ချုပ်ဆိုရန်   ကမ်း လှမ်းထားကြောင်း သတင်းများ တွင် ရေးသားဖော်ပြထားသည်။ ဘယ်လ်ဂျီယံ ကစားသမား ဖယ်လိုင်နီနှင့် မန်ယူအသင်းတို့ လက်ရှိချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီကုန်ချိန်တွင်   ကုန်ဆုံးမည် ဖြစ်သောကြောင့်   မန်ယူအသင်းအနေဖြင့်    ဖယ်လိုင်နီအား ရာသီကုန်ဆုံးချိန်၌  ပြောင်းရွှေ့ကြေးအလွတ်ဖြင့်  လက်မလွတ်ရစေရန်အတွက်  ယခုကဲ့သို့  စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဲဗာတန်ကစားသမားဟောင်း ဖယ်လိုင်နီသည် ပြီးခဲ့သည့် စက်တင်ဘာ လအတွင်းတွင် မန်ယူအသင်းက စာချုပ်သက်တမ်းတိုးမြှင့်ရန် ကမ်းလှမ်းမှုကို ငြင်းဆို ထားသူဖြစ်သည်။

ယခုအခါ မန်ယူအသင်းသည် ကွင်းလယ်ကစားသမား ဖယ်လိုင်နီအား တစ်ပတ် လုပ်ခငွေ ပေါင် ၁၅ဝဝဝဝ ဖြင့်  စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထား ခြင်းဖြစ်သည်။ အဆိုပါ လုပ်ခလစာငွေသည် ဖယ်လိုင်နီ လက်ရှိရရှိနေသော  လုပ်ခငွေထက် ပေါင် ၃ဝဝဝဝ       ပိုမိုများပြားကြောင်း   သတင်းများတွင်   ဆက်လက်ရေးသားထား သည်။
ယခုလအစောပိုင်းတွင် မန်ယူ အသင်းမန်နေဂျာ မော်ရင်ညိုက ဖယ်လိုင်နီသည် မိမိ၏ အစီအစဉ်များတွင် အရေးပါသူတစ်ဦးအဖြစ် ပါဝင်နေသူ ဖြစ်ကြောင်း ပြောဆို ခဲ့သည်။ ဖယ်လိုင်နီအား ပီအက်စ်ဂျီ၊ ဘက်ရှီးတပ်စ်နှင့် ရိုးမားအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားမှုရှိနေကာ ဖယ်လိုင်နီအနေဖြင့် ပွဲကစားချိန် ပိုမိုရရှိရန် လိုလားနေသည် ဟုဆိုသည်။

မန်ယူအသင်းအနေဖြင့် ဖယ်လိုင်နီနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ  လက်လွှတ်ဆုံးရှုံးခဲ့ရမည်ဆိုပါက ဖယ်လိုင်နီ၏နေရာတွင် အစားထိုးရန် လာဇီယို ကွင်းလယ်ကစားသမား    မီလန်ကိုဗစ်ဆာဗစ်ကို    ခေါ်ယူရေး    ကြိုးစားလာ ဖွယ်ရှိနေကြောင်း ထင်ကြေးပေးမှုများ  ထွက်ပေါ်လျက်ရှိသည်။  အသက် ၂၂ နှစ်အရွယ်ရှိ ဆားဘီးယားကစားသမား ဆာဗစ်သည် ဥရောပ၏ အကောင်းဆုံး ဗဟိုကွင်းလယ် ကစားသမားများအနက်မှ တစ်ဦးဖြစ်လာနိုင်သူအဖြစ် သတ်မှတ်ထား ခြင်းခံရသူဖြစ်ပြီး  မန်ယူအသင်းအနေဖြင့်  ဆာဗစ်အား  ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေး အဖြစ် ပေါင် ၉၅ သန်းအထိ အသုံးပြုရဖွယ်ရှိနေသည်။ ထက်အောင်

No comments:

Post a Comment