၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ၀၉၀၀ အချိန် ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-လွိုင်မွေကားလမ်း မိုင်တိုင်(၈/၄) လမ်းဝဲဘက် အနက် ၆ ပေခန့်ရှိချောင်းထဲ၌ အမည်(စိစစ်ဆဲ) အသက်(၂၀)နှစ်ခန့် အမျိုးသမီးအလောင်း ၁ လောင်း တွေ့ရှိကြောင်း သတင်းအရ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကြီး ဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးရာ အလောင်းမှာ မီးလောင်ကျွမ်းထားပြီး ဝမ်းဗိုက်ကလီစာများပေါက်ထွက်လျက် ခြေသလုံးနှင့် ပေါင်အသားစများမှာ တောခွေးများကိုက်စားထားကာ အလောင်းအား မီးရှို့ထားသည့် လက္ခဏာတွေ့ရှိသော်လည်း အနီးပတ်ဝန်းကျင်းတွင် မီးလောင်နိုင်သည့် လက္ခဏာ မတွေ့ရှိသဖြင့် သေဆုံးသူ အမျိုးသမီးအား မီးရှို့သတ်ပြီး လာရောက်စွန့်ပစ်ကာ မီးရှို့ဟန် ပြုလုပ်ထားကြောင်းနှင့် ၂၂၃၀ အချိန်တွင် သတ်ဖြတ်သူ(စိစစ်ဆဲ)အား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၂၃၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်း ရရှိပါသည်။
Ref; ပြည်ထဲရေးဝန်ကြီးဋ္ဌာန
No comments:
Post a Comment