Latest News

Saturday, December 23, 2017

ပျဉ်းမနားမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၁ ဦးသေ ၁၁ ဦး ဒဏ်ရာရရှိ

ပျဉ်းမနားမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၁ ဦးသေ ၁၁ ဦး ဒဏ်ရာရရှိ

   ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ၀၉၃၀ အချိန် ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်း ငွေကြယ်စင်ဆီဆိုင်ရှေ့၌ ရွှေတွင်းကုန်းကျေးရွာ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်သော ဆန်းလင်း (၃၁)နှစ် 5F/xxxx၊ Forland ၆ဘီးကျောက်တင်ယာဉ်မှ လားရာတူရှေ့မှ အောင်ရဲကျော်(၂၆)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ မင်းမင်း (၄၀)နှစ်ပါ ၁၂ ဦး(ကျား ၄၊ မ ၈) လိုက်ပါလာသည့် 8G/ xxxx၊ Light Truck ယာဉ် ဝဲ/နောက်ဘေး ကိုယ်ထည်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့ပါသည်။

 အဆိုပါယာဉ်တိုက်မှုကြောင့် 8G/ xxxx၊ Light Truck ယာဉ်မှ မင်းမင်းတွင် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးသွားပြီး မနွယ်နွယ်ဦး(၃၄)နှစ် ပါ ၉ ဦး(ကျား ၂၊ မ ၇) တွင် ယာချိုစောင်း၊ နဖူး၊ ပါး၊ ဝဲနား၊ ရင်ဘတ်အောင့်၊ နောက်ကျောအောင့်၊ ဝဲဒူးပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဒေါ်ညွှန့်ဝင်း(၅၀)နှစ် ပါ ၂ ဦး(ကျား ၁၊ မ ၁) တွင် ဝဲ/ယာချိုစောင်း၊ နဖူး၊ နှာခေါင်းသွေးထွက်၊ ယာနားသွေးထွက်၊ လက်မောင်းပွန်းပဲ့ ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)တို့ ရရှိကာ နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၁၅၂၀ အချိန် တွင် ဆန်းလင်း(ဖမ်းမိ)အား ပျဉ်းမနားမြို့မရဲစခန်းမှ ယာဉ်(ပ)၅၅/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref; ပြည်ထဲရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment