Latest News

Saturday, December 23, 2017

မူဆယ်​မြို့အမှတ်​(၂)မြို့မ​ဈေးကြီးမီး​လောင်​မှုဖြစ်​ပွား

မူဆယ်​မြို့အမှတ်​(၂)မြို့မ​ဈေးကြီးမီး​လောင်​မှုဖြစ်​ပွား

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)မူဆယ်​ခရိုင်​မူဆယ်​မြို့၌ ဒီဇင်​ဘာ(၂၂)ရက်​ ည(၀၇း၀၀)နာရီအချိန်​ခန့်​မူဆယ်​မြို့​ဈေးရပ်​ကွက်​အမှတ်​(၂)​ဈေး တွင်​မီး​လောင်​မူ့ဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာဒီဇင်​ဘာ (၂၂)ရက်​ည(၀၇၀၀)နာရီအချိန်​ခန့်​တွင်​မူဆယ်​ခရိုင်​မူဆယ်​မြို့အမှတ်​(၂)​ဈေူးရဲစခန်းအ​နောက်​​မြောက်​ဘက်​(၅)ဖာလုံခန့်​ (lG886547)မီး​လောင်​မူဖြစ်​ပွား​ကြောင်းသတင်းရရှိ၍အမှတ်​(၂)​ဈေး အတွင်း တိုက်​ခန်းအမှတ်​(A-135)ပိုင်​ရှင်​ ဖိန့်​စီရန့်​(တရုတ်​နိုင်​ငံသား)(၃၂)နှစ်​၊(ဘ)ဦးဖိန့်​ကိုးဆန်​ တရုတ်​နိုင်​ငံသားအမှတ်​ 430426198 6034393၊ ပတ်​စပို့အမှတ်​RO4725623ကိုင်​​ဆောင်​သူ၏အလျား(၁၀)​ပေxအနံ(၁၅)​ပေရှိ​ဈေးဆိုင်​ခန်းအား မီး​လောင်​မူ့ဖြစ်​ပွား​ကြောင်း သိရှိရပြီး​ခေတ္တမြို့နယ်​ရဲမူး ဒုရဲမူးဦးထွန်းထွန်းစိုးပါ(၂၀)ဦး၊​ဈေးအရံမီးသတ်​တပ်​ဖွဲ့ဦးညဏ်​၀င်းပါ(၅၁)ဦး၊စည်​ပင်​ဒုဦးစီ ဦး​ကျော်​ကိုကိုပါ(၈)ဦးလျှပ်​စစ်​ဋ္ဌာနမှကိုပိုင်​စိုးပါ(၂)ဦးတို့မီးသတ်​ယာဉ်​(၃)စီး၊အုပ်​ချူပ်​မူ့ယာဉ်​(၁)စီးဖြင့်​ သွား​ရောက်​၀ိုင်းဝန်းငြိမ်းသတ်​ခဲ့ရာ(၀၇၁၇)နာရီအချိန်​ခန့်​မီးငြိမ်းသတ်​နိုင်​ခဲ့သည်​။

အဆိုပါမီး​လောင်​မူ့မှာပင်​လယ်​စာများ ထည့်​သွင်းထား​သော​ရေခဲ​သေတ္တာ (၃)လုံးအားလျှပ်​စစ်​ဓါတ်​အား​ပေးရာမှအပူလွန်​ကဲပြီး ၀ါယာ​လျှော့ဖြစ်​ရာမှ ​လောင်​ကျွမ်းခဲ့ရ​ကြောင်းသိရသည်​။
မီး​လောင်​ကျွမ်းမူ့​ကြောင့်​​ရေခဲ​သေတ္တာ(၁)လုံးနှင့်​ပင်​လယ်​စာများ​လောင်​ကျွမ်းသွားပြီးဆုံးရူံးမူတန်​ဖိုး(၂၅၀၀၀၀)ကျပ်​ခန့်​ရှိပြီးလူနှင့်​တိရစ္ဆာန်​ထိခိုက်​မူမရှိ​ကြောင်းသိရှိရသည်​။

အဆိုပါလျှပ်​စစ်​မီးအား​ပေါ့ဆစွာအသုံးပြုပြီးမီး​လောင်​ကျွမ်း​အောင်​ပြုလုပ်​သူအားဥပ​ဒေအရအ​ရေးယူ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

 သတင်းဓာတ်​ပုံ သန့်​ဇင်​မူဆယ်​(MMAL)

No comments:

Post a Comment