မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရွေးချယ်ရာတွင် တစ်သက်တာထူးချွန်ဆုတစ်ဆု ထပ်တိုးချီးမြှင့်မည်
၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ရွေးချယ် ရာတွင် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုတစ်ဆု ထပ်မံ၍ ချီးမြှင့်မည်ဖြစ်ကြောင်း ၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။
''အန်တီတို့ ၂ဝ၁၇ ခုနှစ်အတွက်ကို ဆုပေါင်း ၁၁ ဆုကို အပြည့်အဝပေးသွားမှာပါ၊Best of the year ပေါ့နော်၊ ဒီထက် ထူးချွန်တာတွေ တွေ့လာလို့ရှိရင် ထူးချွန်တဲ့အတိုင်း အန်တီတို့ထပ်ပေးပါမယ်၊ နောက်တစ်ခုက သက်ကြီးထဲက နေပြီးတော့ သက်ရှိထင်ရှားလည်း ရှိနေရမယ်၊ အခုထက်ထိ လည်း အနုပညာကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဆိုရင် တစ်သက်တာဆုအနေနဲ့ ပေးမယ်ဆိုပြီး ဆုံးဖြတ်ကြပါတယ်'' ဟု အကယ်ဒမီများရှင် ဝါဝါဝင်းရွှေက ပြောကြားသည်။
ယခင်နှစ်များက ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ရာတွင် အကောင်းဆုံးရုပ်ရှင် အသံဆု၊ အကောင်းဆုံးရုပ်ရှင် တေးဂီတဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်òန်းဆု၊ အကောင်းဆုံးရုပ်ရှင် ဓာတ်ပုံဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုများ ချီးမြှင့်ခဲ့ရာမှ ၂ဝ၁၇ ခုနှစ်အတွက် ထူးချွန်ဆုချီးမြှင့်ရာတွင် တစ်သက်တာ ထူးချွန်ဆုအနေဖြင့် ထပ်မံတိုးမြှင့် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေးအဖွဲ့အနေဖြင့် ရုပ်ရှင်ဇာတ်ကားပေါင်း ၅ဝ ကျော်ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ဇာတ်ကားများကို အကဲဖြတ်စိစစ်မည် ဖြစ်ပြီး ထူးချွန်ဆုများကို ၂ဝ၁၈ ခုနှစ် မတ်လအတွင်းချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
သတင်း-ထင်ပေါ်ဝင်း(ကမာရွတ်)ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment