Latest News

Wednesday, December 13, 2017

မြန်မာပြည် ချန်ပီယံဟောင်း ထွန်းထွန်းမင်းနှင့် ဘရာဇီးနိုင်ငံသားတို့၏ လက်ဝှေ့ပွဲ ယှဉ်ပြိုင်ရန် စီစဉ်

မြန်မာပြည် ချန်ပီယံဟောင်း ထွန်းထွန်းမင်းနှင့် ဘရာဇီးနိုင်ငံသားတို့၏ လက်ဝှေ့ပွဲ ယှဉ်ပြိုင်ရန် စီစဉ်

ရန်ကုန် ဒီဇင်ဘာ ၁၂

ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသော မြန်မာပြည် ချန်ပီယံဟောင်း ထွန်းထွန်းမင်းသည် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်အစောပိုင်းက ကျင်းပသော WLC-1 ယှဉ်ပြိုင် ပြီးနောက် ဒဏ်ရာကြောင့် အနားယူခဲ့ရသည့် ထွန်းထွန်းမင်းသည် ကြိုးဝိုင်းအတွင်းသို့ ပြန်ဝင်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး ကီးမားဦးတင်ဝင်း (မန္တလေး) က ပြိုင်ပွဲကို စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲစဉ်ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်ပြီး ကျန်တွဲဆိုင်းများကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထွန်းထွန်းမင်းသည် ယင်းပြိုင်ပွဲတွင် ဘရာဇီးနိုင်ငံသား ဆေးဗားလ်နှင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းသည် မြန်မာလက်ခမောင်း ကုမ္ပဏီနှင့် ၂ဝ၁၇ ခုနှစ် နှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် ကီးမားဦးတင်ဝင်း (မန္တလေး)နှင့် စာချုပ်သစ် ချုပ်ဆိုထားကာ ထိုးကြေးများကို ထည့်သွင်းချုပ်ဆိုထားသည်။ ထွန်းထွန်းမင်းသည် ယင်းပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး မြန်မာပြည်အလွတ်တန်း ချန်ပီယံ ဒေ့ဗ်ကိုပါ ဆက်လက်စိန်ခေါ်ရန် ရှိကြောင်း သိရသည်။
MWD

No comments:

Post a Comment