Latest News

Wednesday, December 13, 2017

မန်ချက်စတာ ဒါဘီပွဲအပြီး နှစ်ဖက် ကစားသမားများရန်ဖြစ်အာတီတာ ခေါင်းကွဲပြီး မော်ရင်ဟို ဦးခေါင်းကို ရေပုလင်း ထိမှန်

မန်ချက်စတာ ဒါဘီပွဲအပြီး နှစ်ဖက် ကစားသမားများရန်ဖြစ်အာတီတာ ခေါင်းကွဲပြီး မော်ရင်ဟို ဦးခေါင်းကို ရေပုလင်း ထိမှန်

မန်ယူနှင့် မန်စီးတီးတို့ ယမန်နေ့ညက ကစားသည့် ပွဲစဉ်အပြီး အဝတ်လဲခန်းနှင့် ဥမင်အတွင်း လျှောက်လမ်း၌ အယောက်၂ဝ အနည်းဆုံးရှိသော နှစ်သင်းကစားသမားများ ရန်ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုပွဲအပြီးတွင် မန်စီးတီး ကစားသမားများသည် အဝတ်လဲခန်းအတွင်း အလွန်အကြူး အောင်ပွဲခံကာ သီချင်းသံများမှာလည်း ဆူညံလွန်းနေသဖြင့် သတင်းစာရှင်းလင်းပွဲတက်ရန် ပြင်ဆင်နေသော မန်ယူနည်းပြ မော်ရင်ဟိုသည် မန်စီးတီးအသင်း အဝတ်လဲ ခန်းထဲအထိ သွားကာလေးစားသမှု ပိုရှိသင့်သည်ဟု သွားပြောရင်း မန်စီးတီး ဂိုးသမား အီဒါဆင်နှင့် အော်ကြီးဟစ်ကျယ် စကားများရာမှ မန်ယူကစားသမားများလည်း မော်ရင်ဟိုနောက် လိုက်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြခြင်းဖြစ် သည်။

မော်ရင်ဟိုမှာ ရေသန့်ပုလင်းလွတ်တစ်လုံး ခေါင်းကို လာမှန်သလို ရေများဖြင့်ပက်ခံရခြင်း၊ နို့ဖြင့်လောင်းခံရခြင်းများ ကြုံခဲ့ရသလို မျက်မြင်များ၏ အဆိုအရ အနီးအနားတွင်ရှိနေသော ရဲတပ်ဖွဲ့ဝင်များသည်ပင်လျှင် အံ့သြသွား ရကြောင်း၊ နှစ်ဖက်ကစားသမားများသည် ထိုး ကြိတ်ရန်အထိ ရုန်းရင်းဆန်ခတ်ဖြစ်ကာ မန်စီးတီးအသင်း လက်ထောက်နည်းပြ အာတီတာသည် ခေါင်းတွင် ကွဲရှဒဏ်ရာကြောင့် သွေးများထွက်ခဲ့ရသည်ဟု သိရသည်။

မော်ရင်ဟိုသည် မိမိတို့ အဝတ်လဲခန်းအထိ စည်း ကျော်လာပြီး စတင်စော်ကားခြင်းဖြစ်သည်ဟု မန်စီးတီးအသင်းဘက်မှ ခံယူပြီး မန်ယူကစားသမားများ ဘက်က မိမိတို့ကို အနိုင်ရသွားခြင်းအတွက် မန်စီးတီးကစားသမားများ အောင်ပွဲခံခြင်းမှာ အ လွန်အကြူးဖြစ် ပြီး လှောင်ပြောင်ကြခြင်းကြောင့် ယခုလိုဖြစ်ခဲ့ရသည်ဟု ခံယူကြောင်း နီးစပ်သူများ၏ အဆိုအရ သိရသည်။

မန်ယူနည်းပြမော်ရင်ဟိုက မန်စီးတီးသည် မိမိတို့ထက် ၁၁ မှတ်သာသွားပြီဖြစ်သောကြောင့် ချန်ပီယံဆုကို မန်စီးတီးထံမှ လုယူရန်မှာ မဖြစ်နိုင်တော့သည့် အနေအထား ရောက်သွားပြီဟု ဝန်ခံသော်လည်း ယခုပွဲတွင် ပြီးခဲ့သည့် ရာသီကပွဲစဉ်ကဲ့သို့ ဒိုင်လူကြီးဆုံးဖြတ်ချက်များကြောင့် နစ်နာရပြီး ရှုံးရသည်ဟု ပြောသည်။

မော်ရင်ဟိုက ပွဲချိန် ၇၉ မိနစ်တွင် ဟာရဲရားကို အော်တမန်ဒီ ဆွဲလှဲချသည်ကို ပယ်နယ်တီမပေးဘဲ ဟန်ဆောင် ဒိုင်ဗင်ထိုးသည်ဆိုကာ အဝါကတ်ပြခဲ့သော ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို ရည်ရွယ်ကာ ''မန်စီးတီး ကံကောင်းခဲ့တယ်။ ဆုံးဖြတ် ချက်တွေက သူတို့ဘက်မှာချည်းပဲ။ ကစားပုံ၊ သီအိုရီ၊ ဘောလုံးပိုင်ဆိုင်မှု စတာတွေ ကို ခင်ဗျားတို့ ထင်သလိုပြောနိုင်တယ်။ အရေးပါတဲ့အချိန်မှာ သေချာပေါက်ရသင့်တဲ့ ပယ်နယ်တီကတော့ ရသင့်တယ်'' ဟုြေေပြောသည်။MWD

No comments:

Post a Comment